ဘုတလင်မြို့နယ် မြောက်ကျီရွာအနီးတွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း တိုက်ခိုက်ခံရ

ဘုတလင်မြို့နယ် မြောက်ကျီရွာအနီးတွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း တိုက်ခိုက်ခံရ

ဇွန် ၂၇

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မြောက်ကျီရွာအနီးတွင် စစ်ကောင်စီ၏ခြေလျင်တပ်အား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၂၆ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ သတင်းကြိုရလို့ သွားပစ်တာပေါ့နော်။ သူတို့က ကားတွေကို မြောက်ကျီရွာ စာသင်ကျောင်းဘက်မှာရပ်ပြီး ခြေလျင်လာကြတာ။ အဲ့အချိန်မှာ လက်နက်ကြီးနဲ့ပစ်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်တာ"ဟု Golden Brothers အဖွဲ့တာဝန်ရှိသူကပြောသည်။

တပ်အင်အား ၃၀ ခန့်ဖြင့် ဘုတလင်မြို့မှ မြောက်ကျီရွာဘက်အထွက်တွင် ကာကွယ်ရေးတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခက်မှု ၄၅ မိနစ်ခန့်ကြာမြင့်ကာ စစ်ကောင်စီမှ သုံးဦးခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။

ယင်းလုပ်ဆောင်မှုကို ဒုံးပျံအဖွဲ့၊ GM အဖွဲ့၊ တောကျီးကန်းအဖွဲ့၊ နတ်ဆိုးအဖွဲ့၊ ဇာမဏီအဖွဲ့နှင့် Golden Brothers အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဇွန်လ ၁၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အနောက်မြောက်ဘက် လေးမိုင် ခန့်အကွာတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြသေးသည်။

#ဘုတလင်မြို့နယ်

#ခြေလျင်စစ်ကြောင်း

#လက်နက်ကြီး

#မြောက်ကျီရွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required