ဗဟန်းမြို့နယ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဗုံးခွဲတိုက်ခိုက်

By မေဘယ်လ်သူ
27 June 2022
ဗဟန်းမြို့နယ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဗုံးခွဲတိုက်ခိုက်

ဇွန် ၂၇

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရေတာရှည်လမ်းမပေါ်ရှိ ရဲစခန်းအား ဇွန်လ ၂၆ ရက်၊ ညနေ ၆နာရီဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် Dark Phoenix Resolution တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"ကျွန်တော်တို့ အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ခိုက်သွားမှာ ဖြစ်လို့ ပြည်သူတွေ အနေနဲ့ ပူးပေါင်းပါဝင်ကြပါ "ဟု ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ဗဟန်းမြို့နယ်ရဲစခန်း ဗုံးဖြင့်တိုက်ခိုက်ခံရပြီးနောက် ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဗဟန်းမြို့နယ် ရေတာရှည်လမ်းမပေါ်နှင့် ရေတာရှည်လမ်းဟောင်းတို့တွင် အကြမ်းဖက်စစ်ကောင်စီဝင်များက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ ၂၆ရက် ညပိုင်းတွင်လည်း ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်းရှိ အောင်ကောင်းစံ လက်ဖက်ရည်ဆိုင် အပါအဝင် တိုက်ခန်းများအား စစ်ကောင်စီဝင်များက ဧည့်စာရင်းစစ်နေကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးထံမှ သိရသည်။

#mizzima

#ဗဟန်းမြို့နယ်ရဲစခန်း

#ဗိဿနိုးနယ်မြေ

#ပေါက်ကွဲမှုဖြစ်ပွား

#ဧည့်စာရင်းစစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required