မတူပီမြို့နယ်မှကျေးရွာအချို့တွင် စစ်ကောင်စီတပ်သားများမှ နေအိမ်များကိုဖျက်ဆီးပြီး အဖိုးတန် ပစ္စည်းများ ယူဆောင်သွားကြ

မတူပီမြို့နယ်မှကျေးရွာအချို့တွင် စစ်ကောင်စီတပ်သားများမှ နေအိမ်များကိုဖျက်ဆီးပြီး အဖိုးတန် ပစ္စည်းများ ယူဆောင်သွားကြ

ဇွန် ၂၇

ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း ဒိုင်နယ်ဘက်ခြမ်းရှိကျေးရွာအချို့တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများက နေအိမ်များကိုဖျက်ဆီးကာ အဖိုးတန်ပစ္စည်းများကိုယူဆောင်သွားပြီး အိမ် မွေးတိရစ္ဆာန်များအား သတ်ဖြတ်စားသောက်သွားကြကြောင်း ဒေသခံများကပြောကြားသည်။

“ အခုရောက်လာတဲ့ စစ်ကြောင်းတွေကြည့်ရတာ စာမတတ်ပေမတတ်တွေလို့ပြောရမယ်။ ဒါကြောင့် လည်း လူနေအိမ်တွေကိုဖျက်ဆီးတယ် အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ကြတယ်။ ကျွန်တော်တို့ဒိုင်နယ်ဖက်ခြမ်းဆိုရင် ရိုးရာနဲ့ပတ်သက်တဲ့ အဖိုးတန်လည်ဆွဲ၊ လက်ပတ်၊ ခါးပတ်စတဲ့ ငွေထည်ပစ္စည်းတွေအများကြီးရှိကြတာ အိမ်တိုင်းနီးပါး ရှိကြတယ်။ ရွာတွေမှာ မြတ်မြတ်နိုးနိုးထားကြ တာ။ အခုတော့ အဲဒီပစ္စည်းတွေလည်း သေတ္တာတွေဖောက်ဖွင့်ပြီး ယူသွားကြတယ်” ဟု မာဒူးဘက်ခြမ်းမှ ရွာသားတစ်ဦးကပြောသည်။

ဖျက်ဆီးခံရသော အချို့နေအိမ်များတွင် စာလုံးပေါင်းသတ်ပုံမှားယွင်းစွာဖြင့် CDF နှင့် PDF အစား CTF နှင့် PTF အကြမ်း ဖက်များဟု ရိုင်းစိုင်းစွာရေးသားထားသည်ကိုလည်းတွေ့ရကြောင်းဆိုသည်။

“ကျွန်တော်တို့ရောက်ခဲ့တဲ့ ဒိုင်နယ်ဘက်ခြမ်းက တွီရှစ်ရွာမှာဆိုရင် နေအိမ်တော်တော်များ ဖျက်ဆီးခံရ တယ်။ နေအိမ်တချို့မှာတော့ ရိုင်းစိုင်းတဲ့စကားလုံးနဲ့ ( xxx )CTF (xxx) နီပိန်းဆိုပြီး ရေးထားတာတွေ့ ရတယ်။ CDF နဲ့ PDF ကိုတောင် ကောင်းကောင်းမခွဲခြားတတ်ဘဲနဲ့ စစ်တိုက်နေကြတာ တော်တော်လေး သနားစရာ သတ္တဝါတွေပဲ” ဟု အဆိုပါကျေးရွာသို့ ရောက်ရှိခဲ့သူတစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက မတူပီမြို့ပေါ်တွင်စစ်အင်အားဖြည့်တင်းနေပြီး မြို့တွင်းလုံခြုံရေးယူ ရန် ရဲတပ်ဖွဲ့များမထားရှိတော့ဘဲ ရဲတပ်ရင်းအင်အားအများအပြားဖြည့်တင်းထားပြီး အများစုမှာ အသက် ၁၈ နှစ်ဝန်းကျင် လူသစ်များကိုတွေ့ရှိနေရသည်ဟု သိရသည်။

#Mizzima

#ချင်းပြည်နယ်

#မတူပီမြို့နယ်

#စစ်ကြောင်းထိုး

#နေအိမ်များကိုဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required