မန္တလေးမြို့ပစ်ခတ်မှုတွင် ကျဆုံးသွားသည့် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ တပ်မှူးကို ၀မ်းနည်းကြောင်း အလေးနီပြု အမိန့်စာပြန်

မန္တလေးမြို့ပစ်ခတ်မှုတွင် ကျဆုံးသွားသည့် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ တပ်မှူးကို ၀မ်းနည်းကြောင်း အလေးနီပြု အမိန့်စာပြန်

မန္တလေး ဇွန် ၂၇

မန္တလေးမြို့လယ်ခေါင်ပစ်ခတ်မှုဖြစ်စဉ်တွင် ကျဆုံးခဲ့သည့် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ တပ်မှူးအား ၀မ်းနည်းဂုဏ်ပြုကြောင်းအဖြစ် သေနတ်ပစ်ဖောက်အလေးနီပြုခြင်းနှင့် အမိန့်စာပြန်ခြင်းတို့ ပြုလုပ်ခဲ့ ကြောင်း ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ပြည်သူ့ဆက်ဆံရေးဌာနက ယမန်နေ့ညက သတင်းထုတ်ပြန် သည်။

“၂၅.၆.၂၀၂၂ ရက်နေ့ စစ်အာဏာရှင်တော်လှန်ရေးအတွင်း ရဲဝံ့ပြောင်မြောက်စွာအသက်ပေးခဲ့သော ရတနာပုံတော်လှန်ရေးတပ်ဖွဲ့တပ်မှူး၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ဗဟိုကော်မတီ၀င် ဆရာစွမ်းထက် အောင်(ခ)ဆရာထက်ရှိုင်းဇော်အား သေနတ်ပစ်ဖောက်အလေးနီပြုခြင်းနှင့် အမိန့်ပြန်တမ်းဖတ်ကြား ခြင်း” ဖြစ်ကြောင်း မှတ်တမ်းသတင်း ဓာတ်ပုံဗီဒီယိုများဖြင့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မန္တလေးမြို့လယ်ခေါင် မဟာအောင်မြေမြို့နယ် ၈၄ လမ်းပေါ်တွင်၊ ဇွန်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက ဆိုင်ကယ်စီးလူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး ဆိုင်ကယ်စီးလူငယ်သေဆုံးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း ဒဏ်ရာရသူရှိခဲ့ကြောင်း သိရ သည်။

အဆိုပါဖြစ်စဉ်တွင် သေဆုံးသူလူငယ်သည် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှတပ်မှူး ဆရာစွမ်းထက် အောင် (ခ)ဆရာထက်ရှိုင်းဇော် ဆိုသူဖြစ်ကြောင်း ယင်းတပ်ဖွဲ့နှင့်နီးစပ်သူတချို့ထံမှသိရသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကိုင်တစ်ဦးလည်း ကျည်ဆန် ထိမှန်ဒဏ်ရာဖြင့် ဆေးရုံပို့ဆောင်လိုက်ရကြောင်း စစ်ကောင်စီအတွက် ဝါဒဖြန့်မီဒီယာများက ဖော်ပြကြ သည်။

#မန္တလေးမြို့

#ရတနာပုံတော်လှန်ရေးတပ်ဖွဲ့

#ပစ်ခတ်မှုဖြစ်ပွါး

#အလေးနီပြု

#အမိန့်စာပြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required