၂၀၁၅ ခုနှစ်၏ ရောင်းအားအကောင်းဆုံး အဆိုတော်အဖြစ် သတ်မှတ်ခံရတဲ့ အဒဲလ်

၂၀၁၅ ခုနှစ်၏ ရောင်းအားအကောင်းဆုံး အဆိုတော်အဖြစ် သတ်မှတ်ခံရတဲ့ အဒဲလ်

ဗြိတိန်အဆိုတော် အဒဲလ်သည် ၂၀၁၅ ခုနှစ်၏ ရောင်းအားအကောင်းဆုံး အဆိုတော်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ၂၀၁၅ ခုနှစ် တစ်နှစ်လုံး ကမ္ဘာတစ်ဝန်း တေးသီချင်း ရောင်းချရမှုကို အခြေခံ ထားသော တေးသီချင်း ရောင်းချရမှုတွင် အသက် ၂၇ နှစ်အရွယ်ရှိ အဒဲလ်သည် အမြင့်ဆုံးဖြစ်ကြောင်း ကမ္ဘာလုံး ဆိုင်ရာ ဂီတအဖွဲ့အစည်း (IFPI) က ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဒဲလ်၏ “25” တေးသီချင်း အယ်လ်ဘမ်သည် အောက်တိုဘာလကုန်က ထွက်ရှိခဲ့ပြီး ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံပေါင်း ၃၀ ကျော်တွင် နံပါတ်တစ်နေရာမှ ရပ်တည်ခဲ့သည်။ “25” တေးသီချင်း အယ်လ်ဘမ် သည် ထွက်ရှိပြီသည့် အချိန်မှစတင်၍ သီတင်းပတ် သုံးပတ်ကာလအတွက် အမေရိကန် နိုင်ငံတစ်နိုင်ငံတည်းတွင် အချပ်ရေ ရှစ်သန်း ရောင်းချနိုင်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုတွင် တေးသီချင်း များရောင်းချသည့် Nielsen SoundScan က ပြောကြားသည်။

ဗြိတိန်ကြယ်ပွင့် အက်ဒ်ရှီရန်သည် ရောင်းအားအကောင်းဆုံး အဆိုတော်စာရင်းတွင် နံပါတ် ၂ နေရာတွင် ရပ်တည်နေခဲ့ပြီး တေလာဆွဇ်သည် တတိယနေရာတွင် ရပ်တည်နေခဲ့သည်။ တေလာ သည် ၂၀၁၄ ခုနှစ်က ရောင်းအားအကောင်းဆုံး အဆိုတော်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်သည်။ အဆိုတော် ဂျက်စတင်ဘီဘာသည်လည်း  ရောင်းအားအကောင်းဆုံး အဆိုတော် ထိပ်တန်းငါးနေရာ တွင် ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly