တရုတ်နိုင်ငံတောင်ပိုင်းတွင် မိုးရွာသွန်းမှုကြောင့် လူ ၅၀ ကျော်သေဆုံး

တရုတ်နိုင်ငံတောင်ပိုင်းတွင် မိုးရွာသွန်းမှုကြောင့် လူ ၅၀ ကျော်သေဆုံး

ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် ကုန်ထုတ်လုပ်ဖြန့်ဖြူးမှု ချိတ်ဆက်များ အခက်အခဲ ဖြစ်နေသည့်အချိန်တွင် တရုတ်နိုင်ငံတောင်ပိုင်းရှိ ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်မှုဗဟိုချက်ဖြစ်သည့် ပုလဲမြစ်ဝှမ်း၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကုန်ထုတ်လုပ်များကို ထိခိုက်ကာ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်များ ရပ်နားထားရသလို အရေးပေါ်လုပ်သားများကိုလည်း နေရာအနှံ့တာဝန်ပေးထားသည်။

ဇွန်လ ၂၁ ရက်က တရုတ်နိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှု အခြေအနေ ဆိုးရွားလာကာ မြစ်ကမ်းပါးများပြည့်လျှံလာသောကြောင့် မြေပြိုမှုများ ဖြစ်ပေါ်လာပြီး ပြည်နယ်များတစ်လွှားရှိ ဒေသခံထောင်ပေါင်းများစွာကို ရွှေ့ပြောင်းပေးခဲ့ရသည်။

ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံးမိုးရွာသွန်းမှုကြောင့်ဖြစ်သော ရေကြီးရေလျှံမှုကြောင့် အိမ်နှင့် အဆောက်အအုံများ ရေနစ်မြုပ်ကာ သီးနှံများ ပျက်စီးခဲ့သလို ယခုအချိန်ထိ လူ ၅၀ ထက်မနည်းသေဆုံးထားပြီး အများအပြား ပျောက်ဆုံးလျက်ရှိသည်။

ပုလဲမြစ်ဝှမ်းတွင် မကြာသေးမီက မိုးရွာသွန်းမှုကြောင့် ရှင်ကျန်းနှင့် ပေကျင်းမြစ်များအပါအဝင် အဓိကမြစ်များတွင် မြစ်ရေမှာ အဆက်မပြတ် မြင့်တက်လာခဲ့သည်။

ကွမ်တုန်း၊ ဖူဂျီယန်နှင့်ကွမ်ရှီးပြည်နယ်များတွင် မေလအစောပိုင်းနှင့် ဇွန်လလယ်အတွင်း ပျမ်းမျှမိုးရေချိန်မှာ ၆၂၁ မီလီမီတာအထိ ရောက်ရှိခဲ့ပြီး ၁၉၆၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်သည်ဟု တရုတ်မိုးလေဝသဌာနက ပြောသည်။

ကျန်းရှီးပြည်နယ်ရှိ ဒေသ ၉ ခုမှ လူပေါင်း ၄၈၅ ၀၀၀ ရေဘေးသင့်ပြီးနောက် အာဏာပိုင်များက အနီရောင် သတိပေးချက် ထုတ်ပြန်ခဲ့သည်ဟု ဆင်ဟွာသတင်းကဖော်ပြသည်။

သီးနှံဟက်တာပေါင်း ၄၃ ၃၀၀ (၁၀၆ ၉၉၆ ဧက) ပျက်စီးခဲ့ကာ စီးပွားရေးဆုံးရှုံးမှု ယွမ် ၄၇၀ သန်း (အမေရိကန်ဒေါ်လာ ၇၀ ဒသမ ၂၁) ရှိခဲ့သည်ဟု ဆင်ဟွာက ဆိုသည်။

တရုတ်နိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းနေချိန်တွင် ယခုနှစ်၏ အပြင်းထန်ဆုံး အပူလှိုင်းသည် တရုတ်နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ်ကို အပြင်းထန်ဆုံး ရိုက်ခတ်ခဲ့ကာ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသ များကို ဖြတ်ကျော်လျက်ရှိသည်။ ဒေသအချို့တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ကျော်လွန်သွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required