ဦးဝင်းထိန်ကျန်းမာရေးအခြေအနေ စိုးရိမ်စရာမရှိဟုဆို

ဦးဝင်းထိန်ကျန်းမာရေးအခြေအနေ စိုးရိမ်စရာမရှိဟုဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်သည် ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူနေရသော်လည်း စိုးရိမ်စရာအခြေအနေမဟုတ်ကြောင်းသိသည်။

ဦးဝင်းထိန်သည် ဖေဖော်ဝါရီ ၉ရက် နေ့လည်ပိုင်းမှစတင်ကာ ဝမ်းလျှောကာ အစားများစားသမျှ ပြန်အန်နေသည့်အတွက် ညနေ လေးနာရီအချိန်ခန့်တွင် နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံ အထူးကြပ်မတ်ကုသဆောင်သို့ တက်ရောက်ဆေးကုသမှုခံယူခဲ့ခြင်းဖြစ်သည်။

"ဧည့်သည်တွေ နဲ့တွေ့တော့ ပင်ပန်းနေတယ်။ အဖျားလည်းရှိနေတာနဲ့ ညဆေးရုံကိုပို့လိုက်တာ နားတဲ့သဘောပေါ့။ အထူးကုဆရာဝန်တွေ အကုန်လာကြည့်တယ်။ ခွဲစိတ်စရာမလိုဘူး၊ ၂၄ နာရီပြည့်အောင်တော့ ဆေးရုံတက်ရမယ်ပြောတယ်။" ဟု NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောသည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြုကာ မိထ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရေရွးချယ်ခံခဲ့ရပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိတော့ပေ။

ဦးဝင်းထိန်သည် လက်ရှိတွင် အသက် ၇၅ နှစ်ခန့်ရှိပြိဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး အစိုးရနှင့် NLD ပါတီမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်ရေး အဖွဲ့ခေါင်းဆောင် တာဝန်များကို ဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly