မြောက်ဦးမြို့တွင် အရပ်သားများအား စစ်ကောင်စီတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေ

မြောက်ဦးမြို့တွင် အရပ်သားများအား စစ်ကောင်စီတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေ

ဇွန် ၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၌ ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်သားများက အရပ်သား များအား စစ်ဆေးမေးမြန်းဖမ်းဆီးနေပြီး ဒေသခံအများအပြားနှင့် ကျောင်းသားများ ဖမ်းဆီးခံထားရ ကြောင်း သိရသည်။

ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းက မြောက်ဦးမြို့ ရွှေဂူတောင်ရပ်ကွက်တွင်သွားလာနေသည့် စစ်ကောင်စီ လက်အောက်ခံ စစ်ထောက်လှမ်းရေးသုံးဦးအား ရက္ခိုင့်တပ်တော်AAက ဖမ်းဆီးသွားပြီးနောက် မြောက်ဦး မြို့မှ ဒေသခံ ၃၀ ကျော်အထိ ဖမ်းဆီးခံထားရကြောင်း သိရသည်။

“မြောက်ဦးက မြို့လယ်လမ်းတွေမှာ စစ်ဆေးပြီး ဖမ်းဆီးနေတာတွေ ရှိတယ်လို့သိရတယ်။ ဖမ်းသွားတဲ့ လူ ၂၀ ကျော် ၃၀ လောက်ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ကျောင်းသားသုံးဦးလည်း အဖမ်းခံ ထားရတယ်လို့ ပြောပါတယ်၊ ကျနော်တို့ အဖမ်းခံထားရသူတွေ စာရင်းအတိအကျရှာနေပါတယ် ”ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများက မြို့အဝင်အထွက်၊ မြို့လယ်များတွင် ရဲကား၊ စစ်ကားများဖြင့် စစ်ဆေးကာ ဖမ်းဆီးခြင်းများကို လုပ်ဆောင်နေသည့်အတွက် မြို့ခံများစိုရိမ်းမှုမြင့်တက်နေကြောင်း သိရ သည်။

“ကျနော်တို့လည်း ရှောင်နေတာတွေရှိတယ်။ လမ်းအသွားအလာတွေလည်း မလုပ်ကြတော့ဘူး၊ အကုန် လုံးက စိုးရိမ်မှုတွေရှိနေပါတယ်။ လုံခြုံရေးတင်းကျပ်နေတာတွေက နေရာတိုင်းမှာရှိနေပါတယ်၊ မြို့အဝင် အထွက်တွေကို ပိတ်ပြီးတော့ စစ်ဆေးနေတယ်လို့ သိရပါတယ်”ဟု ၎င်းက ဆိုသည်။

ရက္ခိုင့်တပ်တော်AA အနေဖြင့် ဇွန်လအတွင်း စစ်ကောင်စီတပ်သားနှင့်ရဲတပ်ဖွဲ့ဝင် ကိုးဦးအထိ ဖမ်းဆီး ထားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

စစ်ကောင်စီတပ်သားများက ULA/AA အဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးနေသည့်အတွက် တန်ပြန် ဖမ်းဆီးမှု များပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

#Mizzima

#ရခိုင်ပြည်နယ်

#မြောက်ဦးမြို့နယ်

#စစ်ကောင်စီတပ်ဖွဲ့

#ဖမ်းဆီးမှုပြုလုပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly