သရက်ချောင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူးဟောင်း ၁ ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

By ကိုရွှေမြိတ်
21 June 2022
သရက်ချောင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူးဟောင်း ၁ ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ဇွန် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ ကနက်သီရိကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးနိုင်မိုးဆိုသူကို အမည်မသိအဖွဲ့စည်းတစ်ခုက သေနတ်နှင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

"သေနတ် အသံ လေးချက်လောက်ကြားရတယ်။ ခဏအကြာမှာ အနီးအနားကလူတွေ သွားကြည့်တာ။ သွေးအိုင်ထဲမှာ သေနေတယ် "ဟု ကနက်သီရိရွာ ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့်ပစ်သတ်ခံရသူ ဦးနိုင်မိုးဆိုသူသည် စစ်ကောင်စီတပ်ဖွဲ့၏ သတင်းပေးဒလန်ဟူသည့် စွပ်စွဲချက်ဖြင့် ဇွန်လ ၂၀ ရက်နေ့ ည ၇ နာရီ အချိန်တွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းသည် ယခင်က ကျေးရွာအုပ်ချုပ်ရေးမှူးအဟောင်းဖြစ်၍ အာဏာသိမ်းပြီး နောက် စစ်ကောင်စီ တပ်နှင့် ပူးပေါင်းကာ ဒလန်လုပ် သတင်း ပေးပို့နေသူ တစ်ဦးဟုလည်း ဒေသခံများက ပြောဆိုထား သည်။

#သရက်ချောင်း

#အုပ်ချုပ်ရေးမှူး

#ပစ်သတ်ခံရ

#စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required