ပုသိမ်အကျဥ်းထောင်ရှိ နိုင်ငံရေးအကျဥ်းသားများက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ကဗျာရွတ်ဆုတောင်းခြင်းများ ပြုလုပ်

ပုသိမ်အကျဥ်းထောင်ရှိ နိုင်ငံရေးအကျဥ်းသားများက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ကဗျာရွတ်ဆုတောင်းခြင်းများ ပြုလုပ်

ဇွန် ၂၀

ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများက ယမန်နေ့က ကျရောက်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ မြောက်မွေးနေ့တွင် ကဗျာရွတ်ဆုတောင်းခြင်းများပြုလုပ်ခဲ့ကြကြောင်း အကျဉ်းထောင်ဝန်ထမ်းများထံမှ သိရသညိ။

ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်က ၎င်းတို့ အကျဥ်းချခံထားရသည့် အခန်းများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အကျဉ်းထောင်ဝန်ထမ်းက ပြောသည်။

ကဗျာရွတ်ခြင်း၊ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဆုတောင်းပေးခြင်းများနှင့် ဟောပြောခြင်းများကို ပြုလုပ်ခဲ့ကြသည်ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ကကျရောက်ခဲ့သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး နှစ်ခြောက်လုံး အထွေထွေ သပိတ်တွင်လည်း ပုသိမ်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများက "အရေးတော်ပုံ အောင်ရမည်"ဟုသံပြိုင်ဟစ်ကြွေးကာ ဆန္ဒထုတ်ဖော်ခဲ့သေးသည်။

#mizzima

#ပုသိမ်အကျဉ်းထောင်

#ဒေါ်အောင်ဆန်းစုကြည်

#ကဗျာရွတ်ဆုတောင်းခြင်း

#နိုင်ငံရေးအကျဉ်းသားများ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly