ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီက ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးမှုများပြုလုပ်နေပြီး အရပ်သား ၃၀ ခန့် အဖမ်းခံထားရ

ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီက ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးမှုများပြုလုပ်နေပြီး အရပ်သား ၃၀ ခန့် အဖမ်းခံထားရ

ဇွန် ၁၉

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်သားတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးမှု ဖြစ်ပွားပြီး သုံးရက်အတွင်း စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းခံရသည့် အရပ်သား ၃၀ ဝန်းကျင်ရှိသွားပြီ ဖြစ်ကြောင်း ဒေသခံများက မဇ္ဈိမသို့ပြောသည်။

“ ဒီနေ့အထိ ဖမ်းသွားတာ ၃၀ ကျော်လောက်ရှိနေပြီလို့သိရပါတယ်။ ဒီထက်လည်း များနိုင်ပါတယ်၊ မနေ့ ကလည်း ဈေးကိုလာတဲ့ ဘေးတွဲသမားတွေကို ဖမ်းသွားတယ်။ သိရသလောက် ၂၀ ကျော်လောက်ပါသွား တယ်လို့ပြောပါတယ် ”ဟု မြို့ခံတစ်ဦးက ပြောသည်။

နှစ်ဖက်စစ်ရေးတင်းမာမှုများရှိနေသည့် ပုဏ္ဏားကျွန်းမြို့တွင် ဇွန်လ ၁၆ ရက်နေ့က အာဏာသိမ်း စစ်ကောင်စီတပ်မှတပ်သားတစ်ဦးကို AA ကဖမ်းသွားပြီးနောက် ပေါက်တောပြင်ကျေးရွာမှ လူငယ်နှစ်ဦး နှင့် ဇွန်လ ၁၈ ရက်နေ့က မြို့ခံ ၂၀ ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း မဇ္ဈိမက အတည်ပြုနိုင်ခဲ့ သည်။

ဖမ်းဆီးခံရသူများကို စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုသို့ ပို့ဆောင်ထားသည့်ဟုလည်း သတင်း များထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုချက်မရနိုင်သေးပေ။

AA ကလည်း ဇွန်လ ၁၆ ရက်နေ့မှစကာ စစ်ကောင်စီလက်အောက်ခံ စစ်သားလေးဦးနှင့် ရဲတပ်သား တစ်ဦးတို့ကို ဖမ်းဆီးထားကြောင်း သိရသည်။

AA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ခန့်အပ်ထားသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုဖမ်းဆီးစစ်ဆေးခြင်းများရှိနေ၍ လက်တုံ့ပြန်ဖမ်းဆီးရခြင်းဖြစ်သည်ဟု ပြောရေး ဆိုခွင့်ရှိပုဂ္ဂိုလ် ခိုင်သုခက မီဒီယာများသို့ပြောဆိုထားသည်။

စစ်ကောင်စီတပ်က ပုဏ္ဏားကျွန်းမြို့အတွင်း စစ်ဆေးရေးများတိုးမြှင့်လုပ်ဆောင်နေပြီး ဖြတ်သန်းသွား လာသူများကို မှတ်ပုံတင်ပြခိုင်းခြင်း၊ မှတ်ပုံတင်မပါလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက် တောင်း ခံခြင်းများရှိနေသည်။ ထို့အပြင် ကားတစ်စီးနှင့်မြို့ပတ်ကာ ၎င်းတို့ပူးပေါင်းရန် ဆော်သြမှုများလည်း ရှိခဲ့ သည်။

“ စစ်သားတွေက ကားနဲ့အပြည့်ပဲ လုံခြုံရေးတွေနဲ့ပတ်ပြီးတော့ ကြေညာပါတယ်။ သူတို့ကို ကြောက်စရာ မလိုကြောင်း၊ ပြည်သူတွေကို ဒုက္ခမပေးကြောင်းပေါ့၊ သူတို့ဆီက စစ်သားတစ်ယောက်ကို ဖမ်းသွားတဲ့ အတွက်ကြောင့် လိုက်ရှာနေခြင်းဖြစ်တယ်။ ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပေးစေချင်ပါတယ်။ အပြင် ထွက်ရင်လည်း ပြဿနာမရှိဘူး၊ ထွက်လို့ရတယ်ဆိုပြီးတော့ ပြောနေပါတယ် ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမ သို့ပြောသည်။

သို့သော် စစ်ကောင်စီတပ်များလှုပ်ရှားနေမှုက မြို့နေလူထုကို စိုးရိမ်ကြောင့်ကြမှုများစေကာ လမ်းသွား လမ်း လာများနည်းပါးသွားသလို ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း အပြင်ထွက်သူ မရှိသလောက် ဖြစ်ကြောင်းလည်း သိရသည်။

ပုံမှန်အချိန်တွင် ပုဏ္ဏားကျွန်းမြို့သို့ မြောက်ဦးမြို့နယ်၊ ပေါက်တောမြို့နယ်များရှိ ကျေးရွာများမှ နေ့စဉ် ဆိုသလို စျေးလာဝယ်တတ်ကြသော်လည်း ယခုအခါ အခြေအနေမတည်ငြိမ်သည့်အတွက် စျေးဝယ်သူ မရှိသလောက်ဖြစ်ကာ စျေးဆိုင်ခန်းများလည်းပိတ်ထားရကြောင်း သိရသည်။

#Mizzima

#ရခိုင်ပြည်နယ်

#ပုဏ္ဏားကျွန်းမြို့

#စစ်ရေးတင်းမာ

#ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီး

#ရက္ခိုင့်တပ်တော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly