တမူးမြို့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ကာကွယ်ရေးပူးပေါင်းတပ် များ စစ်ကြောင်းချီတတ် 

တမူးမြို့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ကာကွယ်ရေးပူးပေါင်းတပ် များ စစ်ကြောင်းချီတတ် 

ဇွန် ၁၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၇၇)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် အနေဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တမူးမြို့ဝင်ဆိုင်းဘုတ်မှာတဆင့်မြို့တွင်းအထိ စစ်ကြောင်း ချီတက်ခဲ့ကြောင်း သိရသည်။

“ပြည်သူ့တွေကအံသြသွားတာ မြို့ထဲကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က သိမ်းလိုက်ပြီထင်ပြီး ဝမ်းသာသွားကြတာ။ အဖွဲ့လေးဖွဲ့ပေါင်းပြီး ချီတတ်ခဲ့ကြတာပါ။ 
ပြည်သူ့တွေကိုလည်း စိတ်ခွန်အား ပေးချင်တာပါ ပါတယ်” ဟု တမူးပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၄) မှတာဝန်ရှိသူက ပြောသည်။

တမူးပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၄) ၊ ဗမာ့ကျောင်းသားများအဖွဲ့အစည်း (BSO) ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ Freedom Rangers Tamu (FRT) အဖွဲ့များ ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အင်အား ၆၀ ကျော်ဖြင့်  ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်က ချီတတ်ခဲ့ကြခြင်းဖြစ်သည်။ 

#Mizzima
#စစ်ကိုင်းတိုင်း
#တမူးမြို့
#နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
#(၇၇)နှစ်မြောက်မွေးနေ့
#ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ
#စစ်ကြောင်းချီတတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly