KARA အဖွဲ့ဝင်ဟောင်း ယောင်ဂျီ ဖျော်ဖြေပွဲတွင် ဘွဲ့ဓာတ်ပုံများကို ထုတ်ဖော်ပြသ

KARA အဖွဲ့ဝင်ဟောင်း ယောင်ဂျီ ဖျော်ဖြေပွဲတွင် ဘွဲ့ဓာတ်ပုံများကို ထုတ်ဖော်ပြသ

တောင်ကိုရီးယား အမျိုသမီး အဆိုတော်အဖွဲ့ KARA အဖွဲ့ဝင်ဟောင်း ယောင်ဂျီသည် မကြာ သေးမီက “Gag Concert” ဖျော်ဖြေပွဲတွင် ဘွဲ့ဓာတ်ပုံများကို ထုတ်ဖော်ပြသခဲ့သည်။

ဖေဖော်ဝါရီ ၇ ရက်က ထုတ်လွှင့်ပြသော ဖျော်ဖြေပွဲတွင် ယောင်ဂျီက miss A အဖွဲ့မှ ဆူဇီ၊  Girl’s Day အဖွဲ့မှ ဟယ်ရီနှင့်  A Pink အဖွဲ့မှ ဆွန်နာအွန်တို့နှင့် အထက်တန်းကျောင်း တစ်ကျောင်း တည်း တတ်ခဲ့ကြောင်း ပထမဦးစွာ ထုတ်ဖော် ပြောကြားခဲ့သည်။

''ကျွန်မတို့တွေ တစ်နှစ်တည်း ဘွဲ့ယူခဲ့ကြတယ်။ ပရိတ်သတ်တွေက ကျွန်မရဲ့ ဘွဲ့အယ်လ်ဘမ်ကို ကြည့်ချင်နေကြမှာပါ'' ဟု ယောင်ဂျီက ပြောကြားခဲ့သည်။

ဟာသသရုပ်ဆောင်များက ယောင်ဂျီနှင့် ၎င်း၏ အစ်မဖြစ်သူတို့၏ ဓာတ်ပုံကို ပြသခဲ့ရာ ယောင်ဂျီက “အစ်မဖြစ်သူဟာ သူ့ထက် ပိုလှပါတယ်လို့ ဝန်ခံ ပြောကြားခဲ့တယ်။ ဒါပေမဲ့ ပရိတ်သတ် တွေက ဒီလိုမျိုး ပြောလာတဲ့အခါ မကြိုက်ပါဘူး” ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags