မြန်မာဒုက္ခသည်များအတွက် ပေးအပ်မည့် အကူအညီများကို စစ်ကောင်စီထံကတဆင့် မပေးရန် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများက တောင်းဆို

မြန်မာဒုက္ခသည်များအတွက် ပေးအပ်မည့် အကူအညီများကို စစ်ကောင်စီထံကတဆင့် မပေးရန် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများက တောင်းဆို

ဇွန် ၁၈

မြန်မာဒုက္ခသည်များအတွက် ပေးအပ်မည့် လူသားချင်း စာနာထောက်ထားသော အကူအညီများကို စစ်ကောင်စီထံက တစ်ဆင့် ပေးအပ်ခြင်းမပြုရန် တောင်ကိုရီးယား ရောက် မြန်မာနိုင်ငံသားများက ယနေ့ ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းက အင်ဒိုနီးရှားသံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံအစည်းအဝေးတွင် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားသော အကူအညီများပေးရေးကို စစ်ကောင်စီမှတစ်ဆင့် အကူအညီများပေးရန် ဆုံးဖြတ်ခဲ့သည့်အပြင် စစ်ကောင်စီ အလိုကျ လိုက်လျောမှုများ ပြုလုပ်နေခြင်းကို ရပ်တန့်ပေးရန် အတွက် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မြန်မာပြည်သူများ၏ တရားဝင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေး အစိုးရ(NUG)မှတစ်ဆင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်သွားရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘာ့အလှူရှင်များအား ပြည်ပရောက်မြန်မာနိုင်ငံသားများက အလေးအနက်တောင်းဆို ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုရီးယားရောက် မြန်မာနိုင်ငံသားများ ဆန္ဒဖော်ထုတ်ပွဲနှင့် ကန့်ကွက်လွှာများကို သက်ဆိုင်ရာအင်ဒိုနီးရှားသံရုံးကိုပေးအပ်ခဲ့ရာ အင်ဒိုနီးရှားသံရုံး တာဝန်ရှိသူ အရာရှိက ကောင်းမွန်စွာလက်ခံခဲ့ကြောင်း သိရသည်။

မြန်မာဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှုအကူညီများအား စစ်ကောင်စီဆီက တစ်ဆင့်သွားရန် အာဆီယံ၏ ဆုံးဖြတ်မှုအပေါ် ကန့်ကွက်ကြောင်း ကို ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် NUG အစိုးရ၏ လူသားချင်းစာနာ ထောက်ထားမှုနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဝန်ကြီးဌာတို့ပူးပေါင်း၍ ကြေညာချက် တစ်စောင်ကို ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က ထုတ်ပြန်ထားသည်။

Photos - CJ

#မြန်မာဒုက္ခသည်များ

#အကူအညီ

#စစ်ကောင်စီက

#တဆင့်မပေးရန်

#ပြည်ပရောက်နိုင်ငံသား

#တောင်းဆို

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly