ကေတီပယ်ရီနှင့် အော်လန်ဒိုဘလွန်းတို့နှစ်ဦး အတူတွေ့ရှိခဲ့မှုကြောင့် တွဲနေသည်ဟု ကောလဟာလ သတင်းများ ထွက်ပေါ်

ကေတီပယ်ရီနှင့် အော်လန်ဒိုဘလွန်းတို့နှစ်ဦး အတူတွေ့ရှိခဲ့မှုကြောင့် တွဲနေသည်ဟု ကောလဟာလ သတင်းများ ထွက်ပေါ်

နယူးယော့ခ်၊ ဖေဖော်ဝါရီ ၈ ။                ။ ပေါ့အဆိုတော် ကေတီပယ်ရီနှင့် မင်းသား အော်လန်ဒိုဘလွန်းတို့နှစ်ဦးကို တစ်ပတ်အတွင်း နှစ်ကြိမ် တွေ့ရှိခဲ့မှုကြောင့် ၎င်းတို့နှစ်ဦး တွဲနေကြသည်ဟု ကောလဟာလသတင်းများ ထွက်ပေါ်လျက် ရှိသည်။

ကေတီနှင့် အော်လန်ဒိုတို့သည် လော့စ်အိန်ဂျလိစ်မြို့ရှိ Sunset Tower ဟိုတယ်တွင် ဖေဖော် ဝါရီ ၃ ရက်က ပြုလုပ်သော ထုတ်လုပ်သူ  အဲလန်ကက်ရှက်ရှီရန်၏ ပါတီပွဲသို့ အတူ တတ်ရောက်ခဲ့ ကြောင်း People မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

''သူတို့နှစ်ဦးဟာ ဂျနီဖာအင်နစ္စတန်နဲ့ ဂျာဆွန်ဘိတ် မန်တို့ အပါအဝင် လူအများအပြားနဲ့ ညစာစားခဲ့ကြတယ်'' ဟု သတင်းအရင်းမြစ်တစ်ခုက People မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

ကေတီနှင့် ဘလွန်းတို့ကို ဖေဖော်ဝါရီ ၆ ရက်ကလည်း လော့စ်အိန်ဂျလိစ်မြို့ရှိ ကိုယ်စားလှယ် မိုက်ကယ်ကီဗ်စ်နေအိမ်တွင် ပြုလုပ်သော ပါတီပွဲတွင်လည်း အတူတွေ့ရှိခဲ့သည်။

“ကေတီနဲ့ အော်လန်ဒိုတို့ဟာ ပါတီပွဲနောက်ဘက်မှာ မတ်တပ်ရပ်ခဲ့တယ်။ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် ကျီစယ်နေခဲ့ကြတယ်။ ပါတီကနေ နှစ်ယောက်အတူ ထွက်ခွာခဲ့တယ်” ဟု ပါတီတတ်ရောက်သူတစ်ဦးက ပြောကြားသည်။

ဘလွန်းတွင် ဇနီးဟောင်းဖြစ်သူ မီရန်ဒါကာနှင့် ရထားသော သားတစ်ဦးရှိပြီး ဘလွန်းသည် မီရန်ဒါကာနှင့် ၂၀၁၃ ခုနှစ်အထိ သုံးနှစ်ကြာ ပေါင်းသင်းခဲ့သည်။ ဘလွန်းသည် ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက အလှဖန်တီးရှင် ချိုဘာတိုလီနှင့် တွဲခဲ့သည်။ ပယ်ရီသည် နှစ်သစ်ကူးမတိုင်မီက ပြတ်လိုက်ဆက်လိုက် ဖြစ်နေသည့် ချစ်သူ ဂျွန်မာယာနှင့် ပြန်ပေါင်းထုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly