ငရုတ်ကောင်းမြို့ ဆင်ငံကျေးရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

ငရုတ်ကောင်းမြို့ ဆင်ငံကျေးရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

ဇွန် ၁၄

ဧရာဝတီတိုင်း ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ ဆင်ငံကျေးရွာအနီး တောအတွင်း၌ စစ်ကောင်စီတပ် များနှင့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အထိအခိုက်မရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောသည်။

ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် ဆင်ငံကျေးရွာအနီး တောအုပ်အတွင်းရှိ ဒေသတွင်းကာကွယ် ရေးတပ်ဖွဲ့တစ်ခု၏စခန်းကို စစ်ကောင်စီတပ်ကလာဝိုင်းရာမှ ကင်းသမားရဲဘော်က စတင်တွေ့ရှိခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က နောက်ကြောင်းပြန်ဆုတ်ကာ လက်နက်ကြီးများ ဖြင့် ငါးကြိမ်ထက်မနည်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

“မနေ့က ဖြစ်တာပါ။ သူတို့က စခန်းကို လာဝိုင်းတယ် ကင်းသမားက အရင်တွေ့ပြီးတော့ တိုက်ပွဲဖြစ်တာ။ သူတို့ဘက်ကမသေချာဘဲ စစ်ကြောင်းထိုးတာဆိုတော့ ပြန်ဆုတ်သွားပြီး တောင်အောက်ကနေပဲ လက် နက်ကြီးနဲ့ပစ်တယ်။ အဝေးကနေ လက်နက်ကြီးနဲ့ပစ်တယ်။ ကိုယ့်လူတွေဘက်က အထိအခိုက်မရှိခဲ့ဘူး။ အခုတော့ စခန်းနေရာလည်းပြောင်းရွှေ့ထားပါတယ်။ သူတို့ဘက်ကလည်း အထိအခိုက်မရှိနိုင်ဘူး”ဟု ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး အင်တာနက်စာမျက်နှာများတွင် ငရုတ် ကောင်းမြို့အတွင်း PDF စခန်းတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး PDF ရဲဘော် နှစ်ဦးကျဆုံးကာ အများအပြားကို ဖမ်းဆီးရမိခဲ့သည်ဟု ဝါဒဖြန့်ချိမှုများလည်း ရှိနေခဲ့သည်။

စစ်ကောင်စီ၏ ပုသိမ်အခြေစိုက် လေတပ်စခန်းမှ ကင်းထောက်ယာဉ်များသည်လည်း ယနေ့ ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ တောအတွင်းသို့ ကင်းထောက်ပျံသန်းမှုများ လုပ်ဆောင်နေခဲ့ပြီး ဆင်ငံကျေးရွာအတွင်းကိုလည်း စစ်ကောင်စီတပ်မှ ဝင်ရောက်ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေကာ ဒေသခံအချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

#Mizzima

#ဧရာ၀တီတိုင်း

#ငရုတ်ကောင်းမြို့

#ဆင်ငံကျေးရွာ

#တိုက်ပွဲဖြစ်ပွား

#PDFစခန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required