ပြည်သူများလူနေမှုဘဝမြင့်တင်ရေးသည် ပထမဦးစားပေးလုပ်ငန်းဖြစ်သည်ဟု ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌပြော

ပြည်သူများလူနေမှုဘဝမြင့်တင်ရေးသည် ပထမဦးစားပေးလုပ်ငန်းဖြစ်သည်ဟု ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌပြော

ပုသိမ်၊ဖေဖော်ဝါရီ ၈ ။           ။ ပြည်သူများလူနေမှုဘဝမြင့်တင်ရေးဟာ ပထမဦးစားပေး လုပ်ငန်းဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီးဒုတိယအကြိမ် လွှတ်တော်ဥက္ကဌသစ်ဦးအောင်ကျော်ခိုင်က လွှတ်တော်အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

"လွှတ်တော် သည့်ပြည်သူတွေ အကျိုးပြုမယ် ဥပဒေများ ပြင်ဆင်ခြင်း၊ဖျက်သိမ်းခြင်း၊ အသစ်ရေးဆွဲခြင်းများပြုလုပ်သွား ရမှာဖြစ်ပါတယ်။လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် ဥပဒေများ လုပ်ထုံး လုပ်နည်းများကို လေ့လာဖို့အထူးလိုအပ်ကြောင်း" ဧရာဝတီတိုင်းဥက္ကဋ္ဌဦးအောင်ကျော်ခိုင်က လွှတ်တော်ကိုယ်စားလှယ်များကို တိုက်တွန်းပြောကြား သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် မြေယာအငြင်းပွားလယ်မြေဧက၃သိန်းကျော်ရှိပြီး ဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအဆင့်က ဥပဒေ နှင့် အညီခွင့်ပြုထားသည့် ဥပဒေများပြင်ဆင်ခြင်း အသစ်ရေးဆွဲခြင်း များပြုလုပ် မှာဖြစ်ကြောင်း ၎င်းကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ဒုတိယအကြိမ်လွှတ်တော်တွင် အင်္ဂပူမြို့ အမှတ် ၁ တိုင်းဒေသကြီး ကိုယ်စားလှယ်ဦးအောင်ကျော်ခိုင် ကိုလွှတ်တော် ဥက္ကဌအဖြစ်လည်းကောင်း၊ဒုဥက္ကဋ္ဌအဖြစ် ဘိုကလေးမြို့ အမှတ် ၂ တိုင်းဒေသကြီးကိုယ်စားလှယ်ဦးစံမင်းအောင်အား လည်းကောင်း တိုင်းလွှတ်တော်က ရွေးချယ်ခဲ့သည်။

လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်မှာ လက်ရှိဝန်ကြီးချုပ်ဦးသိန်းအောင်နှင့်ယှဉ်ပြိုင်ပြီး အနိုင်ရလာသည့် ကိုယ်စားလှယ်ဖြစ်သည်။

" လွှတ်တော် ကိုယ်စားလှယ်ကြီးများကို ပေးအပ်တဲ့တာဝန်ကိုကျေပွန်စွာ လေ့လာဆည်းပူးအားထုတ်သွားမယ်လို ကတိပေးပါတယ်"ဟု လွှတ်တော်သို့ ဥက္ကဋ္ဌမှ ကတိပြုပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးအားဖေဖော်ဝါရီ ၁၁ရက်နေ့တွင်ပြန်လည်ကျင်းပမည်ဖြစ်သည်။

ပထမအကြိမ်ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်မှ၂၀၁၀မှ၂၀၁၃ ဖေဖော်ဝါရီ အထိ၊လွှတ်တော်ဥက္ကဋ္ဌဦးတင်စိုးမှ ၂၀၁၃ဖေဖော်ဝါရီလမှ ၂၀၁၆ဇန်နဝါရီလ အထိ တာဝန်ယူခဲ့ပြီးဒုဥက္ကဋ္ဌဖြစ် ဒေါက်တာထိန်းဝင်းမှ တာဝန်ယူခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊မြို့နယ် ၂၆မြို့နယ်တွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ၄၉ယောက်အနိုင်ရပြီး၊ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ၃ယောက်အနိုင် ရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly