နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (ထားဝယ်) မှ ဦးဆောင်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်

By ကိုရွှေမြိတ်
13 June 2022
နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (ထားဝယ်) မှ ဦးဆောင်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အတွင်း “ ဖိနှိပ်ခံတို့ လွတ်လပ်ဖို့ တရားမျှတမှု အတွက် သွေးစည်းစို့ “ ဆိုသည့် စာသားကိုင်ဆွဲကာ ယနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လမ်းလျှောက် ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ လှုပ်ရှားမှုကို နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (ထားဝယ်) အဖွဲ့မှ ဦးဆောင်ကာ LGBT၊ အခြေခံပညာ ကျောင်းသူ/ သားများနှင့် လူငယ်အချို့လည်း ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြပွဲ ဦးဆောင်သူ တစ်ဦးက “ ပြည်သူ လူထု တစ်ရပ်လုံး စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုကို လုံးဝ လက်သင့်မခံဘဲ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး တိုက်ပွဲမှာ ပူးပေါင်းပါဝင်ပါက ကျမတို့ရဲ့ တော်လှန်ရေးဟာ အောင်မြင်မှုရရှိမှာ မုချပါပဲ” ဟု ပြောသည်။

စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အမျိုးသမီးများ၏ပါဝင်မှု အခန်းဏ္ဍကို မြှင့်တင်နိုင်ရန်နှင့် အမျိုးသမီးများအပေါ် ခွဲခြား ဆက်ဆံမှုများ ပပျောက်စေဖို့ ရည်ရွယ်ချက်ဖြင့် နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှစတင် ဖွဲ့စည်းခဲ့ကြောင်း သိရ သည်။

#နှင်းဆီရောင်

#သမျိုးသမီးများသမဂ္ဂ

#ထားဝယ်

#လောင်းလုံး

#ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly