ပုလောမြို့နယ် ကျောက်နိမ့်ကျေးရွာတွင် ပြင်းထန်တိုက်ပွဲဖြစ်ပွား

By ကိုရွှေမြိတ်
13 June 2022
ပုလောမြို့နယ် ကျောက်နိမ့်ကျေးရွာတွင် ပြင်းထန်တိုက်ပွဲဖြစ်ပွား

ပုလော၊ ဇွန် ၁၃

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်ရှိ ကျောက်နိမ့်နှင့်ပိန္နဲတောင်ကျေးရွာတို့တွင် ယနေ့ ဇွန်လ ၁၃ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်က စတင်ပစ်ခတ်မှုကြောင့် နှစ်ဖက်ပြင်းထန်တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများနှင့် PDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က ပုလောအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို လေကြောင်း ဖြင့်ဗုံးကြဲတိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ယနေ့ နံနက် ၈ နာရီခန့်တွင် ကင်းထောက် လေယာဉ်နှင့် လာရောက်ကင်းထောက်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အချက် ၂၀ ခန့် ပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ PDF ရဲဘော်တစ်ဦးက “ အခု ၂၈၅ တပ်ရင်းကပစ်လိုက်တာ ဗုံးငါးလုံး မကျည်းကုန်းရွာထဲကျတယ်။ အခုထိ ပစ်နေတုန်းပါ။ နောက်ပြီး ပုလောတခွင်နဲ့ ထားဝယ်အပါအဝင် နယ် မြေရှင်းလင်းတာမျိုး လုပ်နေပါတယ်။ ပုလောအခြေစိုက်တပ်တွေကို ထားဝယ်ဘက်ကို ပို့ထားတယ်။ အခု ပုလောမှာစစ်ကြောင်းထိုးနေတာ ထားဝယ်တပ်တွေများတယ်”ဟု ပြောသည်။

လက်ရှိတွင် နှစ်ဖက်အပြန်အလှန် တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ထိခိုက်ကျဆုံးမှုများနိုင်ကြောင်း သိရ သည်။

အဆိုပါတိုက်ပွဲကြောင့် အနီးတဝိုက်မှ ပြည်သူအချို့ ဘေးလွှတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

#Mizzima

#တနင်္သာရီတိုင်း

#မြိတ်ခရိုင်

#ပုလောမြို့နယ်

#စစ်ကောင်စီတပ်ဖွဲ့

#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

  1. #ပြင်းထန်တိုက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly