ရေဘေးသင့် ဖားကန့်ပြည်သူများကို ကေအိုင်အေ စစ်သားများက ကူညီ

ရေဘေးသင့် ဖားကန့်ပြည်သူများကို ကေအိုင်အေ စစ်သားများက ကူညီ

ကချင်လေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ရေဘေးသင့် ဆယ်ဇင်းကျေးရွာပြည်သူများကို ကေအိုင်အေ စစ်သားများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

ဥရုချောင်း ရေကြီးမှုကြောင့် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ လူနေအိမ် တစ်ရာကျော် ရေလွှမ်းခံနေရသည့် အတွက် ကေအိုင်အေ စစ်သားများက ရေဘေးသင့်ကျေးရွာနေ ပြည်သူများကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးရန် ဆယ်ဇင်းကျေးရွာထဲသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ဖားကန့်တွင် အာဏာသိမ်းစစ်ကောင်းစီတပ်နှင့် ကေအိုင်အေတပ်ဖွဲ့ဝင်များ စစ်ရေးတင်းမာနေချိန် ကေအိုင်အေတပ်ဖွဲ့ဝင်များက ရေဘေးသင့် ဖားကန့်ပြည်သူများကို ကူညီရန်အတွက် ကျေးရွာထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

#ကချင်ပြည်နယ်

#ဖားကန့်မြို့နယ်

#ဥရုချောင်းရေကြီး

#ဆယ်ဇင်းကျေးရွာ

#ကေအိုင်အေး

#ကူညီကယ်ဆယ်ရေးပြုလုပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required