ခင်ဦးမြို့နယ် ကံသစ်ကျေးရွာရှိ နေအိမ် အလုံး ၁ဝဝ ခန့်ကို စစ်ကောင်စီတပ် မီးရှို့ ဖျက်ဆီး

By လွှမ်းမိုး
11 June 2022
ခင်ဦးမြို့နယ် ကံသစ်ကျေးရွာရှိ နေအိမ် အလုံး ၁ဝဝ ခန့်ကို စစ်ကောင်စီတပ် မီးရှို့ ဖျက်ဆီး

ဇွန် ၁၁

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့အနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ကံသစ်ကျေးရွာကို ဇွန်လ ၁၀ ရက် နံနက် ၉ နာရီ ၃၀မိနစ်ခန့်တွင် စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကံသစ် ကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၁၀၀ ခန့် မီးလောင်ပြာကျခဲ့သည်ဟု ကံသစ်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

" ခင်ဦးမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သား တွေပါဗျ။ ခန့်မှန်း အင်အား ၈၀ နဲ့ ၁ဝဝ ကြားမှာ ရှိမယ်။ ရွာကိုတော့ မနေ့က မနက်ပိုင်းကတည်းက မီးစရှို့တာ။ အိမ်ခြေ ၁၀၀ လောက်မီးထဲပါသွားတယ်ဗျ။ တခြား ရွာတွေ မီးရှို့ ခံရပြီဆိုကတည်းက ဘယ်နေ့များ ကိုယ့်ရွာ အလှည့်ကျမလဲ ဆိုပြီး စောင့်နေရသလိုပဲ။ ထင်တဲ့ အတိုင်း ရွာကိုတောင် ကောင်းကောင်း မမှတ်မိနိုင်အောင်ပါပဲ။ စိတ်ထဲမှာ မခံစားနိုင်ဘူး " ဟု ကံသစ်ကျေးရွာနေ ပြည်သူတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်၏ နယ်မြေရှင်းလင်း မီးရှို့ဖျက်ဆီးမှုများကြောင့် ခင်ဦးမြို့နယ်ရှိ မြင်းဒေါင်း ၊ သရက်ပင်စု ၊ အင်းတိုင်းလေး ၊ ကံသစ် ၊မြို့သစ် ၊ သာဂရ စသည့် ကျေးရွာများမှ ဒေသခံ ဦးရေ ၅,၀၀၀ ခန့်မှာ စစ်ဘေးရှောင်နေရသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ခင်ဦးမြို့နယ်

#ကံသစ်ကျေးရွာ

#စစ်ကောင်စီတပ်

#နေအိမ်၁၀၀ခန့်

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly