စစ်ကောင်စီက ငပုတောမြို့နယ်ရှိ စာသင်ကျောင်းများတွင် ဒေသခံပြည်သူများကို ကင်းစောင့်ခိုင်း

စစ်ကောင်စီက ငပုတောမြို့နယ်ရှိ စာသင်ကျောင်းများတွင် ဒေသခံပြည်သူများကို ကင်းစောင့်ခိုင်း

ဇွန် ၁၀

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်အတွင်းရှိ စာသင်ကျောင်များတွင် စစ်ကောင်စီက ဒေသခံပြည်သူများကို ကင်းစောင့်ခိုင်းနေကြောင်း သိရသည်။

ယခုပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်သည့်နေ့မှ စတင်ကာ နေ့ရောညပါ အလှည့်ကျစနစ်ဖြင့် ကင်းစောင့်ခိုင်းနေခြင်းဖြစ်ပြီး ကုန်စျေးနှုန်းမြင့်တက်ကာ အလုပ်အကိုင်ရှားပါးနေချိန်တွင် ကင်းစောင့်ခိုင်း နေခြင်းဖြစ်သည့်အတွက် လက်လုပ်လက်စားများ အခက်အခဲဖြစ်နေကြောင်း ဒေသခံတစ်ဦးကပြော သည်။

“ စာသင်ကျောင်းတွေထဲမှာ မနက်ပိုင်းကို သုံးယောက်၊ ညပိုင်းကို ခုနစ်ယောက် ကင်းစောင့်ခိုင်းတယ်။ ကင်းမစောင့်နိုင်တဲ့ အိမ်ဆိုရင်အုပ်ချုပ်ရေးမှူးကို ၃၀၀၀ ကျပ် ပေးရတယ်။ လက်ရှိ ရုံးတက်နေတဲ့ဝန်ထမ်း ရှိတဲ့ အိမ်ဆိုရင်မစောင့်ရဘူး။ ကုန်စျေးနှုန်တွေတက်နေတဲ့အချိန်မှာ ကင်းစောင့်ရတဲ့နေ့ဆိုရင် အလုပ်တွေ ပျက်လို့ လယ်သမားတွေစိတ်ညစ်နေကြတယ်” ဟု ၎င်းကဆိုသည်။

၎င်းအပြင် စာသင်ကျောင်းများအတွင်း အလှည့်ကျကင်းမစောင့်သူများအား နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲမည်ဟု ငပုတောမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးခင်စိုးက ခြိမ်းခြောက်နေသည်ဟု ဒေသခံကပြောသည်။

ငပုတောမြို့နယ်တွင် စစ်အုပ်စုအာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်က ကျောင်းအပ်နှံသူနည်းပါးခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းအပ်နှံသူပိုမိုများပြားလာကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။

#Mizzima

#ဧရာ၀တီတိုင်း

#ငပုတောမြို့နယ်

#စာသင်ကျောင်း

#ကင်းစောင့်

#အလုပ်အကိုင်ရှားပါးမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly