သရက်ချောင်းမြို့နယ်တွင် စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ သေနတ်ဖြင့်ပစ်သတ်ခံရ

By ကိုရွှေမြိတ်
08 June 2022
သရက်ချောင်းမြို့နယ်တွင် စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ သေနတ်ဖြင့်ပစ်သတ်ခံရ

ဇူလိုင် ၈

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ သူရဲတောင်ရွာက စစ်ကောင်စီ သတင်းပေး ဒလန်ဟု နာမည်ထွက်နေသူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ယင်းကျေးရွာနေ ဒေသခံများထံက သိရသည်။

သေနတ်ဖြင့် ပစ်ခံရသူမှာ အသက် ၅၀ အရွယ် ဦးစိုး ဆိုသူဖြစ်ပြီး ဇွန်လ ၇ ရက်မွန်းလွဲ ၂ နာရီခန့်က ရွာအနီးဝန်းကျင်တွင် ပစ်သတ်ခံရသည်ဟု သိရသည်။

“ အလောင်းကိုတော့ သူရဲတောင် ထီးလက်ပိုင်းထဲက လမ်းဘေး ရပ်ထားတဲ့ ထော်လာဂျီ တစ်စီးပေါ်မှာ ပြန်တွေ့တယ် ”ဟု သရက်ချောင်းမြို့နေ ဒေသခံတစ်ဦးက ဆိုသည်။

သို့သော် ၎င်းကို မည်သည့် အဖွဲ့က ပစ်သတ်ခဲ့သည်ကို မသိရသေးကြောင်း အဆိုပါဒေသခံက ပြောသည်။

သူရဲတောင်ရွာနှင့် ကင်းရှေ့ရွာ ဆက်ထားသည့် ကြိုးတံတားကို စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး အဖွဲ့ဝင်များက လာရောက်မီးရှို့ ဖျက်ဆီးခဲ့စဉ် ၎င်းသည် လမ်းပြ ဦးဆောင်ပေးသူ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

#သူရဲတောင်ရွာ

#ကင်းရွာ

#သရက်ချောင်းမြို့နယ်

#ထားဝယ်ခရိုင်

#စစ်ကောင်စီသတင်းပေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly