လုံခြုံရေးအခြေအနေများကြောင့် သျှမ်းအမျိုးသားကျောင်း ၉၀ ရာနှုန်းခန့် မဖွင့်နိုင်

လုံခြုံရေးအခြေအနေများကြောင့် သျှမ်းအမျိုးသားကျောင်း ၉၀ ရာနှုန်းခန့် မဖွင့်နိုင်

June 7

ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ ကိုယ်ထူ ကိုယ်ထ သျှမ်းအမျိုးသားကျောင်း ၉၀ ရာနှုန်းကျော်မှာ ယခုနှစ်ကျောင်းဖွင့်ရာသီတွင် ပြန်လည်ဖွင့်လှစ် နိုင်ခြင်းမရှိကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အလယ်ပိုင်းအတွင်းရှိ အစိုးရစာသင်ကျောင်းမရှိသော ကျေးရွာများတွင် ကိုယ် ထူကိုယ်ထ သျှမ်းအမျိုးသားစာသင်ကျောင်းများကို ယခင်နှစ်များကဖွင့်လှစ်ခဲ့ရာ ယခုနှစ်တွင် တိုင်းရင်း သားလက်နက်ကိုင်ပဋိပက္ခများ၏နောက်ဆက်တွဲ လုံခြုံရေးအခြေအနေများကြောင့် မဖွင့်လှစ်နိုင် ကြောင်း သျှမ်းအမျိုးသားကျောင်းတစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။

“ အဓိက က စာသင်ပေးမဲ့ဆရာတွေ မရှိတော့တာပါ။ တောင်နဲ့မြောက်တိုက်ပွဲတွေပြီးတော့ စစ်သား ကောက်တာတွေလည်းရှိတယ်။ လုံခြုံရေးအရလည်းကြောက်ရတော့ စာသင်နေကျ ဆရာတွေအကုန်လုံး ထွက်ပြေးကုန်ကြတယ်။ ကျောင်းတက်မဲ့ကလေးတွေကလည်း မိသားစုလိုက် ထိုင်းဘက်သွားကြတယ်။ အဲဒါနဲ့ ကျောင်းတွေမဖွင့်နိုင်တော့တာ” ဟု ၎င်းကပြောသည်။

ရှမ်းပြည်တောင်ပိုင်းတွင် သျှမ်းအမျိုးသားကျောင်း ၂၀၀ ကျော်ဝန်းကျင်ရှိပြီး ကျောင်းသူကျောင်းသား ၅,၀၀၀ ဝန်းကျင်ခန့်ရှိရာ ယခုနှစ်တွင် ကျောင်း ၂၀ ဝန်းကျင်ခန့်သာ ပြန်လှစ်ဖွင့်လှစ်နိုင်ကြောင်း သိရ သည်။

#Mizzima

#ရှမ်းပြည်နယ်

#သျှမ်းအမျိုးသားကျောင်း

#လုံခြုံရေးအခြေအနေ

#လက်နက်ကိုင်ပဋိပက္ခ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly