ဆွာမြို့ ထောက်ကြန့်ကွင်းကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

ဆွာမြို့ ထောက်ကြန့်ကွင်းကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

ဇွန် ၆

ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ထောက်ကြန့်ကွင်းကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဇွန်လ ၄ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းသည် သံလမ်းဘေးနှင့် ထောက်ကြန့်ကွင်းကျေးရွာအကြားတွင် ဆယ်ဘီး ကားပေါ်သို့ သရက်သီးခြင်းများတင်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“ပစ်တဲ့သူက ဘယ်သူ့အိမ်သိလားလို့ မေးနေတဲ့အချိန်မှာ သေနတ်ထုတ်လိုက်တော့ ခင်မောင်ဝင်းက သိသွားလို့ ထွက်ပြေးတာ။ ကျနော်တို့ပစ်တဲ့အချိန် သူ့မိန်းမကဘေးမှာရှိတယ်။ သူ့မိန်းမကို လက်ဖျားနဲ့ တောင်မထိပါဘူး။ သူ့(ခင်မောင်ဝင်း)ကိုပဲ ပစ်လိုက်တာ။ သူ့မိန်းမကို ပစ်လို့ရရဲ့သားနဲ့ မပစ်ခဲ့ဘူး။ မဆိုင် တဲ့သူကိုထိမှာစိုးလို မလုပ်ခဲ့ဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြော သည်။

ဦးခင်မောင်ဝင်းသည် ထောက်ကြန့်ကွင်းကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ကားများ မကြားခဏရောက်လာ ပြီး ကင်းပုန်းဝတ်လုံခြုံရေးယူခြင်းများပြုလုပ်ရန် လုပ်ဆောင်သူဖြစ်ကြောင်း၊ ၎င်း၏နေအိမ်၌ စစ်ကောင် စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပုံနှင့် ဦးသန်းဌေးရုပ်ပုံကို ချိတ်ဆွဲထားကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဦးခင်မောင်ဝင်းမှာ သေနတ်ဖြင့် ခြောက်ချက်ပစ်ခံခဲ့ရပြီး လက်၊ ပုခုံး၊ ကျောကုန်းနှင့် တင်ပါးဆုံတို့ ထိမှန် ခဲ့ကာ နေပြည်တော်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ ပစ်ခတ်မှုကို တောင်ငူခရိုင်တပ်ရင်းအမှတ် (၃၅၀၁)၊ တပ်ခွဲ (၃) မှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#ပဲခူးတိုင်း

#တောင်ငူခရိုင်

#ရေတာရှည်မြို့နယ်

#ဆွာမြို့

#ထောက်ကြန့်ကွင်းကျေးရွာ

#စစ်ကောင်စီ

#အုပ်ချုပ်ရေးမှူး

#ပစ်ခတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required