ချောင်းဦးမြို့နယ်တွင် အင်အားကောင်းသည့် လူထုသပိတ်စစ်ကြောင်း ပြန်လည်ပေါ်ထွက်လာ

ချောင်းဦးမြို့နယ်တွင် အင်အားကောင်းသည့် လူထုသပိတ်စစ်ကြောင်း ပြန်လည်ပေါ်ထွက်လာ

ဇွန် ၆

စစ်ကောင်စီတပ်နှင့် လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်လျှက်ရှိသည့် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တွင် လူရာနှင့်ချီပါဝင်သည့် လူထုသပိတ်စစ်ကြောင်း ပြန်လည်ချီတက်လာသည်ကို တွေ့ရသည်။

ယမန်နေ့ ဇွန်လ ၅ ရက် တနင်္ဂနွေနေ့က “နိုင်ငံသစ်ကို ရဲရဲတည်ဆောက်ကြ” ဆောင်ပုဒ်ကိုင်ကာ PDF ရဲဘော်အချို့က လုံခြုံရေးခြံရံကာ ချီတက်လာကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သားများက စစ်ကိုင်းတိုင်းအတွင်း ချောင်းဦးမြို့နယ်အပါအဝင် ကျေးရွာအချို့အား လက် နက်ကြီး၊လက်နက်ငယ်များဖြင့် မီးရှို့ဖျက်ဆီးကာ စစ်ကြောင်းထိုးမှုများရှိနေသည့်ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်ကာ အင်အားကောင်းကောင်းဖြင့် ချီတက်လာခဲ့ခြင်းဖြစ်သည်။

“ ပြည်သူလူထုအနေနဲ့လည်း စကစရဲ့ဖိနှိပ်မှုတွေအောက်မှာ လုံးဝကြောက်ရွံ့သွားခြင်းမရှိဘဲ တော် လှန်ရေးစိတ်အဟုန် ပိုမိုကြီးမားလာပြီး လက်နက်ကိုင်တော်လှန်ရေးနဲ့ မြေပေါ်မြေအောက်လှုပ်ရှားမှုတွေ ဟာ တွဲလက်ညီညီ ဟန်ချက်ညီစွာ ရှေ့ဆက်လာနေတာကို အားရဖွယ်တွေ့မြင်ရမှာပါ” ဟု သပိတ်စစ် ကြောင်းတွင် ပါဝင်ချီတက်လာသည့် သပိတ်ခေါင်းဆောင် ကိုသန်းကျော်ဦးက သတင်းစကားပါးထား သည်။

ထို့အပြင် ချောင်းဦးမြို့နယ် ကာကွယ်ရေးအဖွဲ့ဝင်များသည်လည်း ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ကို ဖေးမကူညီကာကွယ်နေကာ ဆင်းရဲဒုက္ခဆိုးများကို အတူတကွ ရင်ဆိုင်ကျော်လွှားနေကြကြောင်း ၎င်း က ဆိုသည်။

အဆိုပါသပိတ်စစ်ကြောင်းတွင် ပြည်သူလူထုနှင့်အတူ မုံရွာပင်မသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင်၊ ချောင်းဦးမြို့နယ် လူငယ်သပိတ်ဦးဆောင်သူများက ပူးပေါင်းပါဝင် ချီတက်ခဲ့ကြခြင်းဖြစ်သည်။

#Mizzima

#ချောင်းဦးမြို့နယ်

#မုံရွာပင်မသပိတ်ကော်မတီ

#နိုင်ငံသစ်ကိုရဲရဲတည်ဆောက်ကြ

#ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly