"တောင်တန်းပြည်မ ညီညွတ်ကြသည်" ရန်ကုန်လူထုသပိတ် ချီတက်ဆန္ဒပြ

"တောင်တန်းပြည်မ ညီညွတ်ကြသည်" ရန်ကုန်လူထုသပိတ် ချီတက်ဆန္ဒပြ

ဇွန် ၃

ရန်ကုန်မြို့ရှိ သပိတ်အင်အားစုများ ပူးပေါင်းကာ "တောင်တန်းပြည်မ ညီညွတ်ကြသည်"ဟူသည့် ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားဆန္ဒပြ လှုပ်ရှားမှုကို ယနေ့ ဇွန်လ ၃ ရက် နံနက်တွင် အင်းစိန်လမ်းမပေါ်၌ ပြုလုပ်ကြသည်။

စစ်ကောင်စီတပ်များ​၏ လှည့်ကင်းများကြောင့် နေရာသုံးနေရာ ရွှေ့ပြီးနောက် လူအင်အား ၂၀ ကျော်ဖြင့် လမ်းမထက် ကြွေးကြော်ချီတက် ဆန္ဒပြခဲ့ကြသည်။

"တောင်တန်းပြည်မ လူထုတရပ်လုံးညီညွတ်မှုဖြင့်သာ အရေးတော်ပုံအောင်ပွဲဆီ ချီတက်နိုင်မှာဖြစ်ပါတယ်" ဟု ရန်ကုန်လူထုသပိတ်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါသပိတ်ခေါင်းစဉ်မှာ ယမန်နှစ် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့လယ်ခေါင်၌ သပိတ်အဖွဲ့အသီးသီး ပူးပေါင်းပြုလုပ်ခဲ့သည့် စာသားဖြစ်ပြီး ယခု ၂၀၂၂ ခုနှစ်တွင်လည်း ယင်းခေါင်းစဉ်ဖြင့်သာ ထပ်မံချီတက်ခဲ့ကြခြင်း ဖြစ်သည်။

#ရန်ကုန်တိုင်း

#သပိတ်အင်အားစု

#ချီတက်ဆန္ဒပြ

#စစ်ကောင်စီတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly