“The Voice” သီချင်းဆိုပြိုင်ပွဲအစီစဉ်တွင် အဓိကအကြံပေးအဖြစ် ဆောင်ရွက်သွားမည့် မိုင်လေဆိုင်းရက်စ်

“The Voice” သီချင်းဆိုပြိုင်ပွဲအစီစဉ်တွင် အဓိကအကြံပေးအဖြစ် ဆောင်ရွက်သွားမည့် မိုင်လေဆိုင်းရက်စ်

နာမည်ကျော်အဆိုတော် မိုင်လေဆိုင်းရက်စ်သည်  ဖေဖော်ဝါရီ ၂၉ ရက်တွင် ကျင်းပပြုလုပ်မည့် NBC ရုပ်သံ၏ဆယ်ကြိမ်မြောက် “ The Voice” တေးသီချင်းပြိုင်ပွဲတွင် အဓိကအကြံပေးအဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ မိုင်လေဆိုင်းရက်စ်သည် အနီရောင်ခလုတ်ကို လျှာဖြင့် လျက်ကာ ရိုက်ထားသည့် ဓာတ်ပုံကို တွစ်တာပေါ်တွင်တင်ကာ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆိုင်းရက်စ်သည် အဆိုတော်အဖွဲ့လေးဖွဲ့လုံးအတွက် အဓိကအကြံပေးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဆိုင်းရက်စ်က လူတိုင်းအပေါ် အာရုံစိုက်သွားမှာလို့ ပြောပါတယ်။ အဆိုရှင်တွေဟာ ပင်ကိုယ်ဗီဇနဲ့ တွေးခေါ်မှုတွေက ကံကောင်းမှုတွေကို ဖြစ်စေမှာပါ။ ကျွန်တေ်ာတို့ အစီစဉ်ကြည့်ရှု သူတွေဟာ တေးဂီတနဲ့ဖျော်ဖြေရေးနယ်ပယ်ရဲ့ တောက်ပတဲ့ တွေးခေါ်မှုတွေကို ခံစားရစေမှာပါ”ဟု NBC ရုပ်သံ ဖျော်ဖြေရေးအကြီးအကဲ ပူလ်တီလက်ဒီက အစီရင်ခံစာတွင် ပြောကြားထားသည်။

အက်ဂူလာရာသည် ဆယ်ကြိမ်မြောက် “ The Voice” တေးသီချင်းပြိုင်ပွဲသို့ ပြန်လာမည်ဖြစ်ပြီး ဒိုင်လူကြီးများဖြစ်သော အဒမ်လာဗင်း၊ ဘလိတ်ခ်ရှဲလ်တန်နှင့် ဖာရဲလ်ဝီလျံတို့ သည်လည်း ပြိုင်ပွဲသို့ ပြန်လာ မည်ဖြစ်သည်။

“ The Voice” တေးသီချင်းပြိုင်ပွဲသည် ဆိုင်းရက်စ် ပါဝင်မည့် ရုပ်မြင်သံကြား အစီစဉ်နှစ်ခုအနက် တစ်ခုဖြစ်ပြီး ဆိုင်းရက်စ်သည်  ဝူဒီအဲလန်၏ ပထမဆုံးရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွင်လည်း ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။

ဆယ်ကြိမ်မြောက် “ The Voice” တေးဂီတအစီစဉ်ကို ဖေဖော်ဝါရီ ၂၉ ရက် ည ၈ နာရီ အချိန်တွင်  NBC ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly