ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်အသင်း နှင့် စားသောက်ဆိုင်လုပ်ငန်းရှင် တို့ကို ကျိုက်ထိုတော်လှန်ရေးအင်အားစု သတိပေး

ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်အသင်း နှင့် စားသောက်ဆိုင်လုပ်ငန်းရှင် တို့ကို ကျိုက်ထိုတော်လှန်ရေးအင်အားစု သတိပေး

မေဘယ်လ်သူ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းမှ လုပ်ငန်းရှင် နှစ် ဦးနှင့် စားသောက်ဆိုင်လုပ်ငန်းရှင် နှစ် ဦးတို့ကို စစ်ကောင်စီအလိုကျ ပူးပေါင်းဆောင်ရွက်နေမှုများ ရပ်တန့်ရန် ကျိုက်ထို တော်လှန်ရေး အင်အားစု(KRF) က မေလ ၃၀ရက် ရက်စွဲဖြင့် သတိပေးစာ ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတိပေးစာထုတ်ပြန်ချက်သည် နောက်ဆုံးသတိပေးခြင်းဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှုမရှိပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"တိကျခိုင်မာတဲ့အချက်အလက်တွေရှိနေပါတယ်။ အဲ့ဒီအတွက် အရေးယူမှု တစ်ခုခု လုပ်ပြီးရင် ချပြရှင်းလင်းပေးသွားမှာပါ။ Pageမှာ သတိပေးစာ တင်လိုက်ပြီဆိုကတည်း က သူတို့ကိုယ် သူတို့သိပါတယ်" ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများကြောင့်ဖြစ်စေ၊ ကိုယ်ပိုင်ပုဂ္ဂလိက ရပ်တည်ချက် ကြောင့်ဖြစ်စေ အကြမ်းဖက် စစ်ကောင်စီနှင့် ပတ်သက်လှုပ်ရှား ဆောင်ရွက်နေသည်များ ကို စုံစမ်းထောက်လှမ်း သိရှိထားပြီးဖြစ်သည်ဟု သတိပေးစာတွင် ရေးသားဖော်ပြ ထားသည်။

ပြည်သူလူထုအပေါ် မတရားအကြမ်းဖက် အုပ်ချုပ်နေသည့် စစ်ကောင်စီ၏ စီးပွားရေး ဒေါက်တိုင်အဖြစ် ဆက်လက်ဆောင်ရွက်နေပါက စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်သွား မည်ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက ဆိုထားသည်။

#Mizzima

#မွန်ပြည်နယ်

#ကျိုက်ထီးရိုး

#စစ်ကောင်စီ

#လုပ်ငန်းရှင်များ

#သတိပေး

#KRF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly