အရာတော်မြို့နယ်တွင် ဖုန်းလိုင်းဖြတ်ကာ စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်များကို မီးရှို့နေ

အရာတော်မြို့နယ်တွင် ဖုန်းလိုင်းဖြတ်ကာ စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်များကို မီးရှို့နေ

မေ ၃၀

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ သစ်ချိုကျေးရွာနှင့် ဟင်္သာကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယမန်နေ့မေလ ၂၉ ရက် ညနေ ၅ နာရီအချိန် အရာတော်မြို့နယ် မြောက်ပိုင်းတွင် စစ်ကြောင်းထိုးနေသည့် အင်အား ၁၅၀ ခန့်ရှိစစ်ကောင်စီတပ်သားများက လူနေအိမ်များကို မီးရှို့ဖျက်ဆီးကြခြင်းဖြစ်သည်။

"မနက် ၉နာရီလောက်က အနောက်ဘက်ရွာ လိန်လှ ရွာဘက်က လက်နက်ကြီး ပစ်သံကြားတော့ ရွာက လူတွေက လန့်ပြီး သိမ်းစရာရှိတာတေ သိမ်းပြီး နိုင်ရာလေးတွေ ယူပြီး ပြေးကြတယ်ရွာထိပ်က ဘုန်ကြီးကျောင်းထဲမှာ ရွာသား ငါးယောက်လောက် နဲ့ ကိုရင် လေး တစ်ပါး ကျန်ခဲ့တယ်။ ဖမ်းခံရတယ်လို့လည်း ကြားတယ်။ သတ်ပြစ်လိုက်ပြီလို့လည်း အသံကြားတယ် ။ ဟုတ်မဟုတ်တော့ မသေချာဘူး ။ ညနေ ၅နာရီ လောက်က စရှို့တာ တောင်ပိုင်းက စရှို့တယ် pdf ဘက်က လက်နက် နှစ်ချက်ပစ်တော့ ခဏငြိမ်သွားတယ်ခဏနေတော့ သုံး နေရာ ခွဲ ရှို့ပြီး အကုန် လောင်သွားတော့တာ” ဟုမီးရှို့ခံရသည့်အခြေအနေကို ဒေသခံသတင်းအရင်းအမြစ်က ပြောသည်။

အရာတော်ဒေသခံရွာသားအချို့၏ ဖုန်းအား ဆက်သွယ်မေးမြန်းရာ ခေါ်ဆိုမှုလုံးဝမရဖြစ်နေသည်။ Wifi အသုံးပြု၍ရသည့် အရာတော်မြို့နယ်မှ သတင်းရင်းမြစ်တစ်ဦးက ၎င်းတို့်နယ်တွင် ဖုန်းခေါ်မှုများလက်ရှိအချိန်တွင် ပြတ်တောက်နေကြောင်း သတင်းပေးသည်။

အရာတော်မြောက်ပိုင်းသို့ လက်ရှိအချိန်တွင်စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် တပ်မ (၇၇) ဟုသိရပြီး လက်ရှိအချိန်ထိ စစ်ကြောင်းထိုးနေဆဲဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်အတွင်း စစ်ကောင်စီတပ်များမီးရှို့မှုကြောင့် လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၁,၄၁၇ လုံးရှိပျက်စီးသွားကြောင်း Data for Myanmar ၏အချက်အလက်များအရသိရသည်။

#စစ်ကိုင်းတိုင်း

#အရာတော်မြို့နယ်

#သစ်ချိုကျေးရွာ

#ဟင်္သာကျေးရွာ

#စစ်ကောင်စီတပ်ဖွဲ့

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly