ပုသိမ်မြို့ စကားဝါလမ်းတွင် ဆိုင်ကယ်တစ်စီးဗုံးပေါက်ကွဲပြီး မောင်းနှင်လာသူ အမျိုးသား သေဆုံး

ပုသိမ်မြို့ စကားဝါလမ်းတွင် ဆိုင်ကယ်တစ်စီးဗုံးပေါက်ကွဲပြီး မောင်းနှင်လာသူ အမျိုးသား သေဆုံး

မေ ၂၉

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက် စကားဝါလမ်းမကြီးပေါ်တွင် ယနေ့ မေလ ၂၉ ရက်နေ့ နံနက် ၆ နာရီခန့်က ဆိုင်ကယ်တစ်စီးဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မောင်းနှင်လာသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူသည် အသက်(၂၈)နှစ် ဝန်းကျင်ခန့် အနီရောင်အင်္ကျီဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးဖြစ် ပြီး စကားဝါလမ်း VIP စတိုးရှေ့တွင် ၎င်းမောင်းလာသောဆိုင်ကယ်မှ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

“ဗုံးပေါက်ပြီးတာနဲ့ စစ်သားနဲ့ရဲတွေ ရောက်လာကြတယ်။ ဆေးရုံခေါ်သွားကြပြီး ဆေးရုံရောက်မှ သေသွား တာ။ ဆိုင်ကယ်မောင်းလာရင်းနဲ့ အဲ့ဒီ VIP ဆိုင်ရှေ့ရောက်တော့ ထပေါက်တာဗျ။ ဗုံးက ဆိုင်ကယ် နောက် ပုံးထဲမှာ ထည့်လာတာလို့လည်း ကြားတယ်။ ဆိုင်ကယ်မောင်းသူရဲ့ ပေါင်ကြားထဲမှာ ညှပ်လာတဲ့ အထုပ် ကနေ ပေါက်တာလို့လည်းကြားတယ်။ ရဲတွေနဲ့ စစ်သားတွေကတော့ သေတဲ့သူက အမှတ် (၁) ရပ်ကွက်မှာ နေတဲ့ လုံးလုံး ဆိုတဲ့သူလို့ ပြောနေကြတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များနှင့်ရဲများက စကားဝါရပ်ကွက်အတွင်းရှိ နေအိမ်များမှ CCTV များကို လိုက်လံစစ်ဆေးနေပြီး မြို့ဝင်မြို့ထွက်ဂိတ်များတွင်လည်း လက်နက်အင်အားအများအပြားဖြင့် ပိတ်ဆို့ စစ်ဆေးနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

#Mizzima

#ပုသိမ်မြို့

#စကားဝါလမ်း

#ဗုံးပေါက်

#သေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly