လပွတ္တာမြို့မီးလောင်မှု ကျပ်ငွေ၃၂၇သန်းကျော် ဆုံးရှုံး

လပွတ္တာမြို့မီးလောင်မှု ကျပ်ငွေ၃၂၇သန်းကျော် ဆုံးရှုံး
မီးဘေးဒုက္ခသည်များကိုလပွတ္တာမြို့၊လေးထပ်ပရိယတ္တိစာသင်တိုက်တွင်တွေ့ရစဉ်။ (ဓာတ်ပုံ-စည်သူမောင်မောင်)

ပုသိမ်၊ဖေဖော်ဝါရီ ၅ ။             ။ လပွတ္တာမြို့၊အမှတ် ၅ရပ်ကွက်တွင် ဖေဖော်ဝါရီ ၄ရက်နေ့ ညပိုင်းတွင် မီးလောင်ကျွမ်းမှုကြောင့် ငွေကျပ်၃၂၇သန်းကျော် ဆုံးရှုံးခဲ့ကြောင့် ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှသိရှိရသည်။

မီးစတင်လောင်ကျွမ်းမှုတွင် အမှတ်၅ ရပ်ကွက် ၊ကမ်းနားလမ်း ထမင်းဆိုင်မှာလောင်ကျွမ်းခြင်းဖြစ်ပြီး၊ အမှတ် ၁ နှင့်အမှတ် ၅ ရပ်ကွက်များ ကူးစက်လောင်းကျွမ်းခြင်းဖြစ်ပြီး၊ မီးလောင်မှုကြောင့်   နေအိမ်ပေါင်း၁၇၅လုံးနှင့် ဆိုင်ခန်း၂၀ ၊အိမ်ထောင်စုပေါင်း၁၇၅စု၊ လူဦးရေ ၇၆၁ဦး မီးဘေးသင့်ခဲ့ကြောင်း မီးဘေးသင့်သူများတွင် ကျောင်းသား၁၁၀ဦးကျော်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်   ကျောင်းသား၄၀ကျော်ပါဝင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရှိရသည်

"မီးလောင်တဲ့နေရာက မြို့အဓိက စီးပွားရေးလုပ်ငန်းတွေ ပါသွားတယ်၊ အများကြီးအခက်အခဲဖြစ်သွားတယ်၊ ဂဏန်းဒိုင်တွေပုဇွန်ဒိုင်တွေမှာလုပ်နေသူတွေ နစ်နာသွား၊ ကျောင်းသားတွေ စာမေးပွဲအတွက် အခက်အခဲဖြစ်သွားပြီး"ဟု လပွတ္တာမြို့ခံ ဦးအောင်ကျော်စိုးမှ မဇ္ဈိမသို့ပြောသည်။

မီးဘေးသင့်ပြည်သူများအား လပွတ္တာမြို့၊ လေးထပ်ပရိယတ္တိစာသင်တိုက်တွင် ဒုက္ခသည်စခန်း ဖွင့်လှစ်ကာထားကြောင်း သိရသည်။

ဖေဖော်ဝါရီ ၄ရက်နေ့ည ၇နာရီခန့်မှ မီးစတင်ကျွမ်းခဲ့ပြီး ဖေဖော်ဝါရီ  ၅ရက်နေ့နံနက်၂နာရီကျော်တွင်မီးငြိမ်းသတ်နိုင်ခဲ့ပြီး၊မီးငြိမ်းသတ်မှု တိုင်းမီးသတ်၊နီးစပ်ရာမြို့များမှ လာရောက်ငြိမ်းသတ်   ပေးခဲ့ရသည်။

မီးစတင်လောင်ကျွမ်းသည် ဆိုင်ရှင်အား လပွတ္တာမြို့မရဲစခန်းမှ (ပ) ၁၇/၂၀၁၆နှင့် ပုဒ်မ၂၈၅အရအမှုဖွင့်ထားသည်။

လပွတ္တာ မီးဘေးအတွက် စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က တစ်အိမ်ထောင် နှစ်သိန်းစီ လှူဒါန်းခဲ့ပြီး စေတနာရှင်များကလည်း ဝိုင်းဝန်းလှူဒါန်းခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly