အီတလီတွင် အမျိုးသမီးဂျာနယ်လစ်က ဂျွန်ကယ်ရီအား IS ကို ဖန်တီးခဲ့သူအဖြစ် ဆန့်ကျင်

အီတလီတွင် အမျိုးသမီးဂျာနယ်လစ်က ဂျွန်ကယ်ရီအား IS ကို ဖန်တီးခဲ့သူအဖြစ် ဆန့်ကျင်

ရောမ၊ ဖေဖော်ဝါရီ - ၅ ။          ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏ အီတလီ အလည်အပတ်ခရီးစဉ်အတွင်း အိုင်အက်စ် အကြမ်းဖက်အုပ်စုကို သူ ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း အော်ဟစ် ရန်ထောင်သည့် အမျိုးသမီး ဂျာနယ်လစ်တစ်ယောက်နှင့် ပက်ပင်းတိုးခဲ့ရသည်ဟု ဆိုသည်။

ကယ်ရီနှင့် အီတလီနိုင်ငံခြားရေးဝန်ကြီး ပါအိုလို ဂျင်တီလိုနီတို့နှစ်ဦးမှာ အင်္ဂါနေ့က ရောမတွင် ကျင်းပခဲ့သည့် အိုင်အက်စ်အကြမ်းဖက်အုပ်စုကို နိုင်ငံတကာ ညွှန့်ပေါင်းဖွဲ့၍ တိုက်ဖျက်ရေး အစည်းအဝေးသို့ တက်ရောက်နေကြခြင်းပင် ဖြစ်သည်။

နောက်ပိုင်းတွင် ဝန်ကြီးနှစ်ဦး ပူးတွဲ၍ သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပခဲ့ပြီး အိုင်အက်စ်အကြမ်းဖက်သမားများကို လက်တွဲတိုက်ဖျက်သွားရန် ကတိပြုခဲ့ကြသည်။

သို့ရာတွင် သတင်းစာရှင်းလင်းပွဲကို ကြားဖြတ်ကာ ရှေ့တန်းတွင် ထိုင်နေသည့် ဂျာနယ်လစ်တစ်ယောက်က ‘အိုင်အက်စ်ကို ဖန်တီးခဲ့တာ ရှင်ပဲ’’ဟု အကြိမ်ဖန်များစွာ အော်ဟစ်ဆန့်ကျင်ခဲ့သည်ဟု အီတလီ မီဒီယာတွင် ဖော်ပြခဲ့သည်။

အော်သစ်နေသည့် ဂျာနယ်လစ်အမျိုးသမီးကို အီတလီ စစ်ရဲက သတင်းစာရှင်းလင်းပွဲမှ ဆွဲထုတ်သွားခဲ့ရသည်ဟု ဆိုသည်။

ဆီးရီးယားအစိုးရကို မတည်မငြိမ်ဖြစ်စေရန် ၂၀၁၂ခုနှစ်က ဂျော်ဒန်တွင် ကနဦး စီအိုင်အေက လေ့ကျင့်ပေးခဲ့သည့် အိုင်အက်စ်အကြမ်းဖက်သမားများက ယခုအခါ အီရတ်နှင့် ဆီးရီးယားရှိ ကြီးမားသောအစိတ်အပိုင်းကို ထိန်းချုပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly