ကနီမြို့နယ် ကဲဒေါင်ကျေးရွာကို စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီး

ကနီမြို့နယ် ကဲဒေါင်ကျေးရွာကို စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီး

မေ ၂၈

စစ်ကိုင်းတိုင်း ၊ ကနီမြို့အထက်ပိုင်း ချင်းတွင်းမြစ်ကမ်းဘေးရှိ ကဲဒေါင်ကျေးရွာကို မေလ ၂၇ ရက် နံနက် ၁ဝ နာရီမှ စတင်၍ စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ကဲဒေါင်ရွာဒေသခံများထံက သိရသည် ။

" ရွာထဲက လူတွေကတော့ စစ်ကောင်စီတပ်က ကားတွေ မရောက်ခင် ကတည်းက အကုန်ထွက်ပြေးနေရတယ်။ ရွာကို မနက် ၁ဝ နာရီ လောက်က မီးတင်ရှို့နေတာ။ နေဝင်တဲ့အထိ မီးခိုးတွေက ကောင်းကင်ယံမှာ မည်းနေသေးတယ်။ ကူရာကယ်ရာမဲ့တဲ့ ဘဝဆိုတော့ ကိုယ့်အသိုက်အမြုံကို မီးလောင်ပြာချ နေတာကို အဝေးကနေ ငေးကြည့်နေရတဲ့ ခံစားချက်မျိုးဗျ" ဟု ကဲဒေါင်ကျေးရွာ ဒေသခံ တစ်ဦးက ပြောသည် ။

စစ်ကောင်စီတပ်သည် ယခု မေလအတွင်း ကနီမြို့နယ်ရှိ ကျေးရွာပေါင်း ၁၃ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကနီမြို့ဒေသခံများထံက သိရသည်။

စစ်ဘေးရှောင် စခန်းမရှိသည့် ကနီမြို့နယ်တွင် စစ်ရှောင်ပြည်သူ ထောင်ချီရှိနေပြီး ဆေးဝါးနှင့်စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့လျက်ရှိကြောင်း သိရသည်။

#Mizzima

#ကနီမြို့နယ်

#ကဲဒေါင်ကျေးရွာ

#စစ်ကောင်စီတပ်

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly