ကုလားတန်မြစ်အထက်ပိုင်းတွင် AA နှင့် စကစတပ်တိုက်ပွဲဖြစ်ပွား

ကုလားတန်မြစ်အထက်ပိုင်းတွင် AA နှင့် စကစတပ်တိုက်ပွဲဖြစ်ပွား

မေ ၂၆

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကုလားတန်မြစ်အထက်ပိုင်းတွင် ယနေ့ (မေလ ၂၆ ရက်) နံနက်ကစ၍ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေခဲ့သည်။

ပီချောင်းကျေးရွာအုပ်စုဘက်တွင် နံနက် ၈ နာရီခွဲက စတင်၍ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ပြောကြားကြပြီး ယခုသတင်းပေးပို့ချိန်အထိတိုက်ပွဲဖြစ်နေသည်။

''မနက်ထဲကတိုက်ပွဲဖြစ်တာ၊လက်နက်ကြီးသံအချက် ၂၀ကျော်တယ်။ရွာထဲကိုတော့မကျဘူး။ ရွာနားမှာဖြစ်ကြတယ်ပြောရမယ်။ အခုဖြစ်နေတဲ့နေရာတွေက ပလက်ဝအထက်ပိုင်း၊ ပီချောင်းဘက်ခြမ်း ပီဘောင်းဝီးတို့နားမှာဖြစ်တာ၊ပြီးတော့ ပလက်ဝနားမှာရှိတဲ့ဆိုင်ကယ်နဲ့သွားရင်၁၀ မိနစ်တောင်မကြာတဲ့ အဘောင်သားရွာနားတွေမှာလည်း သေနတ်သံတွေညံနေတယ်''ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့က စစ်ကောင်စီတပ်သားအပြည့်တင်ဆောင်ထားသည့် စက်လှေတစ်စီး ကုလားတန်မြစ်အထက်ပိုင်းကို တက်သွားပြီးနောက် တိုက်ပွဲသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း AA ခြေကုတ်ယူထားသည့် ပလက်ဝအပေါ်ပိုင်းတွင် ရွာသားများအား စားနပ်ရိက္ခာ သုံးလစာကြိုတင်စုဆောင်းထားပြီးကတုတ်ကျင်းများတူးထားရန်ပြောဆိုမှုများရှိခဲ့သည်။

မေလ ၁၆ ရက်နေ့က ပလက်ဝမြို့နယ်ထဲက သံတောင်ကျေးရွာမှာ ရှိသည့်တပ်စခန်းတစ်ခုကို ရိက္ခာလာပို့သည့်စစ်တပ်သုံးရဟတ်ယာဉ်တစ်စီးကို သံတောင်တစ်ဖက်ကမ်းမှသည် AA ကပစ်ခတ်သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်နှစ်နီးပါးကြာ အပစ်ခတ်ရပ်စဲရေးနောက် ပလက်၀တွင်သေနတ်သံပြန်ပေါ်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly