သမ္မတရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​ဇော်​ဌေးကွယ်လွန်

သမ္မတရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​ဇော်​ဌေးကွယ်လွန်

မေ ၂၃

NLDအစိုးရလက်ထက် သမ္မတရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​ဇော်​ဌေးမှာ ယ​နေ့ ​မေလ ၂၃ရက်​နေ့ မနက် ၉ နာရီဝန်းကျင်တွင် ရုတ်တရက်ကွယ်လွန်သွား​ကြောင်း နီးစပ်သူများထံက သိရသည်။

"သူ့မိသားစုဝင်တစ်​ယောက်က​တော့​ သွေးတိုးပြီး ဦး​နှောက်​​သွေးကြောပြတ်တာလို့ ​ပြောတယ်ခင်ဗျ။ အဲ့ဒီလို Heart attack (နှလုံးသွေးကြော ရုတ်တရက် ပိတ်ဆို့ခြင်း) လည်း ကြား​နေတယ်။ရုတ်တရက်ကလည်း အဲ့ဒီ နှစ်မျိုးပဲရှိတာဆို​တော့"ဟု နီးစပ်သူ တစ်ဦးက​ ပြောသည်။

ဦး​​ဇော်​ဌေးသည် ယ​နေ့ မနက်ပိုင်းက နှလုံး​ရောဂါကြောင့် ​နေပြည်​တော် ​ကုတင် ၁၀၀၀​ဆေးရုံသို့ ပို့​ဆောင်​သော်လည်း လမ်းတွင် ​ကွယ်လွန်သွားခြင်းဖြစ်​ကြောင်း စစ်​ကောင်စီ​ပြောခွင့်ရ ဗိုလ်ချုပ်​ဇော်မင်းထွန်းက ပြည်တွင်းမီဒီယာအချို့တွင် ​ဖြေကြားထားသည်။

ဦး​ဇော်​ဌေးသည် စစ်တက္ကသိုလ် အပတ်စဥ် (၃၇) ဆင်းဖြစ်ပြီး ၂၀၁၆ခုနှစ်မှစကာ သမ္မတရုံးနှင့် အတိုင်ပင်ခံရုံးတို့၏ ညွှန်ကြား​ရေးမှူးချုပ် တာဝန်ကို ထမ်း​ဆောင်ခဲ့သည်။

“ဒီနေ့ မနက် အိပ်ယာအထမှာ လဲကျတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ တွေ့တဲ့အချိန်မှာ ဆေးရုံပို့ခဲ့ပေမယ့် အသက်မမှီလိုက်ဘူး ။ နှလုံးကြောင့်လို့ ထင်တယ်” ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဦးဇော်ဌေး ရုတ်တရက် ကွယ်လွန်ရသည့် ဖြစ်ရပ်နှင့် ပတ်သက်၍ ရေးသားထားသည်။

ဦး​ဇော်​ဌေးမှာ စစ်တပ်အာဏာသိမ်းချိန်တွင် ဖမ်းဆီးခံခဲ့ရပြီး​နောက် ပြန်လည်လွတ်​မြောက်လာကာ ​နေပြည်​တော်တွင် ​နေထိုင်ခဲ့သည်။

#Mizzima

#ဦးဇော်ဌေး

#ကွယ်လွန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required