ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်သား ၂ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရ

ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်သား ၂ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရ
ပုံစာ - MC - KC DF တပ်ဖွဲ့ဝင်များ

မေ ၂၃

မကွေးတိုင်း ပခုက္ကူမြို့နယ် တန့်ကြည့်တောင်အနောက်ဖက် လမ်းပိုင်းတစ်နေရာတွင် စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်ဖွဲ့အား ဒေသကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဉီးသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိသွားကြောင်း မြစ်ချေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MC – KC DF မှ မေလ ၂၂ ရက် ယမန်နေ့က ကြေညာခဲ့သည်။

“သူ့တို့စစ်ကြောင်းထိုးလာမယ်လို့ ကျနော်တို့ကြိုသိတဲ့အတွက် အသင့်စောင့်နေပြီး အနီးကပ်ချုံခိုတိုက် ခိုက်ခဲ့ကြတာပါ ” ဟု MC – KC DF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ G -3 က မဇ္စျိမကိုပြောသည်။

မေလ ၂၂ ရက် နံနက် ၉ နာရီခန့်တွင် အင်အား ၇၀ခန့်ရှိသော စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနီးကပ်ပစ်ခတ်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သားနှစ်ဉီးမှာ နေရာတွင် သေ ဆုံးသွားပြီး ကာကွယ်ရေးတပ်ဖွဲ့မှပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ဆံထိမှန်၍ စစ်ကောင်စီတပ် သား ၂၀ ခန့် အပြင်းအထန်ဒဏ်ရာရရှိသွားကာ လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ပြန်လည်ဆုတ်ခွာသွား ကြောင်း သိရသည်။

ယင်းတိုက်ပွဲအား MC – KC DF နှင့်အတူ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NSP)မှ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဖက်မှ ရဲဘော်တစ်ဉီး (မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျန်တပ်ဖွဲ့ ဝင်များ မိခင်တပ်ရင်းများသို့ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

မေလ ၂၀ ရက်နေ့က ပုဂံမှ ဆိက္ခဝကျေးရွာသို့ စစ်ကောင်စီအင်အား ၂၀၀ ခန့် စက်လှေဖြင့် အင်အားဖြည့် တင်းလာပြီးနောက် ယခုကဲ့သို့ အင်အားဖြန့်ခွဲကာ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆိက္ခဝကျေးရွာနှင့်အနီးတဝိုက်ရှိ ရေနံတွင်းများအား ဆက်ကြေးကောက် ခံခြင်းများပြုလုပ်လျက်ရှိနေပြီး ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံမှ သုံးသပ်ပြောဆိုသည်။

မေလ ၁ ရက်နေ့ကလည်း ပခုက္ကူမြို့နယ် မြစ်ခြေ-စဘ - ဆားကျင်း မြေနီလမ်းပေါ်တွင် စစ်ကောင်စီယာဉ် သုံးစီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ ဉီး သေဆုံးသွားကြောင်း MC – KC DF ထံမှ သိရ သည်။

#Mizzima

#ပခုက္ကူမြို့နယ်

#စစ်ကောင်စီစစ်ကြောင်း

#MC–KC DF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly