သမိုင်းလမ်းဆုံရှိ ဘန်ကာထဲသို့ ဗုံးဖြင့်ပစ်ပြီး သေနတ်ဖြင့်ထပ်မံပစ်ခတ်

သမိုင်းလမ်းဆုံရှိ ဘန်ကာထဲသို့ ဗုံးဖြင့်ပစ်ပြီး သေနတ်ဖြင့်ထပ်မံပစ်ခတ်

မေ ၁၇

သမိုင်းလမ်းဆုံရှိ ဘန်ကာထဲသို့ ယနေ့နံနက်က ဗုံးဖြင့်ပစ်ပြီး သေနတ်ဖြင့်ထပ်မံပစ်ခတ်ခံရကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

မေ ၁၇ ရက် နံနက် ၁၁ နာရီကျော်ကဖြစ်ပွားခြင်းဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်ရဲအချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

" ဗုံးပေါက်တဲ့အသံကြားပြီးမှ သေနတ်နဲ့ထပ်ပစ်တဲ့အသံကြားတယ်။ ဆယ်ချက်ကျော်မယ်။ အထဲမှာ ရှိနေတဲ့ကောင်တွေဒဏ်ရာရသွားလို့ လူနာတင်ကားလာတာလည်းတွေ့တယ်" ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် သမိုင်းလမ်းဆုံအနီးစစ်ဆေးမှုများတင်းကျပ်လျက်ရှိကြောင်း ဒေသခံအချို့ကပြောသည်။

ဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးသည်ဟု သတင်းများထွက်ပေါ်နေသော်လည်းအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ခိုက်ခံရသည့် ဘန်ကာအား ဆောက်လုပ်ထားသည်မှာ မကြာသေးကြောင်း၊ အများအားဖြင့် ရဲတပ်ဖွဲ့ဝင်များ နေထိုင်ပြီး တခါတရံစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်းတွေ့ရတတ်ကြောင်း အနီးနားနေထိုင်သူများကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly