မိုးဗြဲမြို့နယ် ဆီမီးလော့ရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNDF တို့ တိုက်ပွဲဖြစ်ပွား

မိုးဗြဲမြို့နယ် ဆီမီးလော့ရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNDF တို့ တိုက်ပွဲဖြစ်ပွား

မေ ၁၇

ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်စပ် မိုးဗြဲမြို့နယ်အတွင်းရှိ ဆီမီးလော့ရွာဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်နှင့် KNDF တို့တိုက်ပွဲဖြစ်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF(Pekhon Zone)မှ သတင်းထုတ်ပြန်သည်။

ဖယ်ခုံမြို့အရှေ့ဘက်ကမ်းမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ယနေ့ မေလ ၁၇ ရက် နံနက် ၅ နာရီခန့် မှစတင်ကာ တိုက်ပွဲဖြစ်နေခြင်းဟု သိရသည်။

“ မိုးဗြဲရေလောင်ကန်အထွက် ဆီးမီးလော့ရွာအောက်မှာ တိုက်ပွဲဖြစ်ခဲ့တာဟုတ်တယ်။ ဒါပေမယ့် ပွဲမပြီးသေးတော့ ကျွန်တော်အသေးစိတ် မပြောပြချင်သေးဘူး” ဟု KNDF တာဝန်ရှိသူတစ်ဦးမှ မဇ္ဈိမသို့အတည်ပြုပြောကြားသည်။

မေလ ၁၆ ရက်နေ့ကတည်းက ဆီမီးလော့ရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့သေးသော်လည်း လက်ရှိအချိန်ထိ နှစ်ဖက် ထိခိုက်မှုသတင်းကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

အလားတူ မေ ၁၅ ရက်ကလည်း ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် ရှစ်ဦးသေဆုံးခဲ့သည်။ ထိုကဲ့သို့အထိနာပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် ဖယ်ခုံအရှေ့ဘက်ကမ်း ဆောင်နန်းခဲရွာရှိနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

#Mizzima

#ဖယ်ခုံမြို့နယ်

#ဆီမီးလော့ရွာ

#တိုက်ပွဲပြင်းထန်

#KNDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required