တမူးတွင် ပျူစောထီးအဖွဲ့က အရပ်သားကို သတ်ဖြတ်ဟု ဒေသများဆို

တမူးတွင် ပျူစောထီးအဖွဲ့က အရပ်သားကို သတ်ဖြတ်ဟု ဒေသများဆို

မေ ၁၂

စစ်ကိုင်းတိုင်း ၊ တမူးမြို့တွင် အရပ်သားတစ်ဦးကို ပျူစောထီးများက သတ်ဖြတ်၍ မေလ ၁၀ရက် နေ့က အိန္ဒိယ - မြန်မာနယ်စပ်ပါဟဲချောင်းထဲတွင် စွန့်ပစ်ထားကြောင်း ဒေသခံများထံက သိရသည်။

သေဆုံးသူသည် တမူးမြို့ ၊ မြို့မ (၁၂)ရပ်ကွက်တွင် နေထိုင်သည့် ကိုမျိုး အသက်(၄၆) နှစ်ဖြစ်ကြောင်း သိရသည်။

“အသတ်ခံထားရတာမှန်ပါတယ်။ ဒါပေမဲ့ ဘာကြောင့်အခုလိုလုပ်တာလဲ ဆိုတဲ့အကြောင်းတော့ မသိရဘူး။ တမူးမြို့မှာ ပျူလက်နက်ကိုင်တွေက ရှုပ်နေတာ။ သူတို့အချင်းချင်းကြားထဲမှာလည်း မတည့်ကြတာတွေလည်းရှိတယ်” ဟု တမူးမြို့ခံ တစ်ဦးက ပြောသည်။

ကိုမျိုးအား ပျူစောထီးခေါင်းဆောင် ပန်းချီချမ်းမြေ့ကဦးဆောင်၍ သတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြု၍မရသေးပေ။

သေဆုံးသူ ကိုမျိုး အလှူပွဲလုပ်စဉ်က ယခု ဦးဆောင်သတ်ဖြတ်သူဟု စွပ်စွဲထား သော ပန်းချီချမ်းမြေ့အဖွဲ့ မှ လုံခြုံရေးယူပေးခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ယမန်နေ့ ည ၁၀နာရီအချိန်ကလည်း ပျူစောထီးများသည် ဆန္ဒကူးရပ်ကွက် အထက ခွဲကျောင်းနားရှိ နေအိမ်တစ်လုံးအား မီးတင်ရှို့ခဲ့ကြပြီး တမူးမြို့ထဲတွင်လည်း အသံဗုံးနှင့် သေနတ်များ ပစ်ဖောက်ခဲ့ကြောင်းသိရသည်။

#Mizzima

#တမူးမြို့

#ပျူစောထီးအဖွဲ့

#အရပ်သား

#သတ်ဖြတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly