အင်တာနက် ဖြတ်တောက်ခံထားရသည့် ဖားကန့်တွင် KIA ၊ PDF ၊ NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး သပိတ်ပြုလုပ်

အင်တာနက် ဖြတ်တောက်ခံထားရသည့် ဖားကန့်တွင် KIA ၊ PDF ၊ NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး သပိတ်ပြုလုပ်

မေ ၁၀

အင်တာနက်ဖြတ်တောက်ခံထားရသည်မှာ ကိုးလနီးပါး ကြာပြီဖြစ်သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် မေလ ၁၀ ရက်နေ့က KIA ၊ PDF ၊ NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး သပိတ်ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဆန္ဒပြ ပြည်သူများသည် “ KIA PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ”၊ “NUG အစိုးရ ဒို့အစိုးရ”၊ “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ၊ “အကြမ်းဖက် လူသတ်စစ်တပ် လုံးဝအုပ်ချုပ်ခွင့် မရစေရ” ၊ “ဖက်ဒရယ်ပြည်ထောင်စုနှင့်ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေး ဒို့အရေး”၊ “အင်တာနက်ဖြတ်တဲ့မင်းအောင်လှိုင်အဖွဲ့အသေဆိုးနဲ့သေပါစေ”၊ “ဒို့ရဲဘော်တွေ ထောက်ပံ့နိုင်ဖို့ ငွေတိုက်စာချုပ်ဝယ်ကြစို့”၊ “တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံးပါဝင်ကြစို့” ၊ “နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမည်” စသည့် ကြွေးကြော်သံများ ဟစ်ကြွေး၍ ချီတက် သပိတ်မှောက်ကြကြောင်းသိရသည်။

#Mizzima

#ကချင်ပြည်နယ်

#ဖားကန့်မြို့

#အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေး

#သပိတ်ပြုလုပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly