Miss Grand International 2015 Anea Garcia နှင့် Vice President တို့ မြန်မာနိုင်ငံသို့ လာရောက်မည်

Miss Grand International 2015 Anea Garcia နှင့် Vice President တို့ မြန်မာနိုင်ငံသို့ လာရောက်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ။           ။ Miss Grand International Organization မှ Vice President နှင့် Miss Grand International 2015 သရဖူဆုရှင် Anea Garcia တို့သည် Miss Grand Myanmar Organization (မြန်မာနိုင်ငံ တာဝန်ခံ) တစ်ဦး ဖြစ်သည့် ဦးဖြိုးပိုင်ဦး တို့နှင့် ပရိဟိတလုပ်ငန်းများ ဆောင်ရွက်ရန် နှင့် ပရဟိတ ဂေဟာများသို့ သွားရောက် လေ့လာရန် ချစ်ကြည်ရေးခရီး အဖြစ် ဖေဖော်ဝါရီ ၃ရက်တွင် မြန်မာနိုင်ငံသို့ အလည်လာရောက်မည် ဖြစ်သည်။

Miss Grand International 2015 Anea Garcia သည် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်ခြင်း ဖြစ်ပြီး Miss Grand Myanmar Organization အား Promote လုပ်ဆောင်ရန် အတွက် အလည်လာရောက်ခြင်း ဖြစ်သည်။

Miss Grand Myanmar Organization မှ တာဝန်ခံ တစ်ဦး ဖြစ်သည့် မလှနုထွန်းက "အဓိက က သူတို့က Miss Grand Myanmarကို ပိုပြီး လူတွေသိသွားဖို့အတွက် Promote လုပ်ပေးဖို့ လာတာပါ။ ပြီးတော့ လှနုတို့ အလှူလုပ်မယ့် နေရာတွေကို သူတို့လိုက်လည်မယ်။ ပြီးတော့ Miss Grand Myanmar 2016 ရွေးချယ်ရေး နဲ့ ပတ်သက်ပြီး သူတို့နဲ့ တိုင်ပင် ဆွေးနွေး သွားဖို့ ရှိပါတယ်" ဟု ပြောသည်။

Miss Grand International 2015 Anea Garcia သည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၃ရက် နံနက် ၁၁နာရီ တွင် ရောက်ရှိမည် ဖြစ်ပြီး ညနေတွင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ သွားရောက် လေ့လာမည်ဖြစ်ပြီး Miss Grand Myanmar Organization မှလည်း အလှူငွေများ လှုဒါန်းသွားမည် ဖြစ်သည်။

ညပိုင်းတွင်မူ Miss Grand Myanmar 2015 စံထိပ်ထားလင်း နှင့်အတူ ရွှေတိဂုံဘုရားသို့ သွားရောက်မည် ဖြစ်ပြီး ၎င်းတို့ နှစ်ဦး  ဝတ်ဆင်မည့် မြန်မာဝတ်စုံကို Miss Heritage Int'l 2015 ငြိမ်းချမ်းရေးဝတ်စုံ ဒီဇိုင်နာဆုရှင် ကိုလတ်က စီစဉ်ပေးကာ မြန်မာဖိနပ်ကို မန္တလာညွန့်က ကူညီ ပေးထားသည်။ အလှမယ် စံထိပ်ထားလင်း အတွက် မိတ်ကပ်ကိုမူ မိတ်ကပ်ဆံပင် အာကာကျော်(ကိုမာ)က ကူညီပံ့ပိုးမည်ဟု သိရသည်။

၎င်းသည် ဖေဖော်ဝါရီ ၄ရက် မနက်ပိုင်းတွင် မင်္ဂလာဒုံရှိ ထောက်ကြံ့ စစ်သင်္ချိုင်း ကို သွားရောက် လေ့လာမည် ဖြစ်ပြီး နေ့လည်ပိုင်းတွင် သာကေတ မြို့နယ်ရှိ ရွှေသံလွင် ဘိုးဘွားရိပ်သာသို့ သွားရောက် လေ့လာမည် ဖြစ်သည်။

Anea Garcia  လာရောက်သည့် နေ့တွင် Miss Grand ပရိသတ် များမှ Miss Grand တီရှပ်များ ဝတ်ဆင်ကာ ကြိုဆိုမည် ဖြစ်သည်။ ၎င်း နေထိုင်ရန် အတွက်ကို Sky Star Hotel မှ အကူအညီပေးပြီး ရန်ကုန်မြို တွင်း သွားရေးလာရေးနှင့် ရိုက်ကူးရေးအတွက် Sky Net မှ ပါဝင် သွားမည် ဖြစ်ကာ Sky Net TEEN Channel မှ ထုတ်လွှင့် ပေးသွားမည် ဖြစ်သည်။

Miss Grand International 2015 Anea Garcia သည် ဖေဖော်ဝါရီ ၄ရက် ည ၉နာရီ လေယာဉ်ဖြင့် ထိုင်း နိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly