ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ် ခေတ္တထိန်းသိမ်းခံရ

ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ် ခေတ္တထိန်းသိမ်းခံရ

မေ ၁၀

ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ် နန်းလိုင်ခမ်းကို စစ်ထောက်လှမ်းရေးများက ရန်ကုန်လေဆိပ်တွင် ယမန်နေ့က ခေတ္တထိန်းသိမ်းခဲ့သည်ဟု သတင်းရင်းမြစ်များအရသိရသည်။

မြန်မာပြည်၏ အထင်ကရစီးပွါးရေးလုပ်ငန်းရှင်ကြီးဖြစ်သူ ဦးအောင်ကိုဝင်း၏သမီးအကြီးဆုံးဖြစ်သော အသက် ၃၃ နှစ်အရွယ် နန်းလိုင်ခမ်းသည် တနင်္လာနေ့နံနက် ၈ နာရီအချိနတွင်ထွက်ခွာမည့် မြန်မာ့လေကြောင်း ၏ လေယာဉ်ခရီးစဉ် 8M-335 ဖြငိ့ ထိုင်းနိုငိငံ ဘန်ကောက်သို့ သွားရောက်ရန် နားနေဆောင်တွင်စောင့်ဆိုင်းနေစဉ် စစ်ထောက်လှမ်းရေးများက ၎င်းတို့၏ရုံးခန်းသို့ခေါ်ယူသွားပြီး စစ်ဆေးမေးမြန်းမှုများလုပ်ကာ နံနက် ၉:၃၀ ကျော်မှ ပြန်လွှတ်ပေးခဲ့သဖြင့် လေယာဉ်ဖြင့်လိုက်ပါနိုင်ခြင်းမရှိဘဲဖြစ်သွားခဲ့သည်။

ကမ္ဘောဇအုပ်စု၏အမှုဆောင်ဒါရိုက်တာလည်းဖြစ်သော နန်းလိုင်ခမ်းကိုစစ်ဆေးမေးမြန်းသော စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) မှာ တပ်မှူးဗိုလ်မှူးကျော်မြတ်လင်းဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required