ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး အမေရိကန်နိုင်ငံတွင် ဒုတိယအကြိမ် ဆန္ဒပြ

ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး အမေရိကန်နိုင်ငံတွင် ဒုတိယအကြိမ် ဆန္ဒပြ

မေ ၈

ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးအဖြစ် အမေရိကန်နိုင်ငံ နယူးယောက်မြို့ Times Square တွင် NYCBC (New York City Burmese Community) အဖွဲ့မှ ဦးဆောင်ကာ မေလ ၇ ရက်တွင် ဒုတိယအကြိမ် စုပေါင်းဆန္ဒပြကြသည်။

‘’ပြည်သူ့ဆန္ဒနဲ့ပြည်သူသာအဓိက”၊ “အာဏာရှင်စနစ်ဟာ မြန်မာပြည်နဲ့ကမ္ဘာပေါ်မှာ လုံးဝ၊ လုံးဝ မရှိစေရတော့ဘူး”၊ “တစ်တိုင်းပြည်လုံးတွန်းလှန်နေတာ၊ ဒီတစ်ကြိမ်ဟာငါတို့အောင်ပွဲ” ဆိုတဲ့ သန္နိဋ္ဌာန်ခံယူချက်များကို ကျယ်ကျယ်လောင်လောင်အတူတကွကြွေးကြော်ပြီး အဆုံးထိတိုက်ကြဖို့ ထပ်မံဆန္ဒပြုခဲ့ကြသည်ဟုလည်း သိရသည်။

အဆိုပါ ဆန္ဒပြပွဲကို အမေရိကန်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံ အင်အား ၁၅၀ ခန့်ပါဝင်ခဲ့သည်ဟု ဆိုသည်။

၂၀၂၂ခုနှစ် မေလ ၇ရက်နှင့် ၈ ရက်နေ့များတွင် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး ဒုတိယလှိုင်းကို မြန်မာပြည်တွင်းသာမက ပြည်ပနိုင်ငံများတွင်ပါ တစ်ပြိုင်နက်ထဲ ပြန်လည်အသက်သွင်း ဆန္ဒထုတ်ဖော်ပွဲများ ကျင်းပနေကြခြင်းဖြစ်သည်။

#Mizzima

#ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေး

#မြန်မာ့နွေဦးတော်လှန်ရေးဒုတိယလှိုင်း

#NewYorkCityBurmeseCommunity

#ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly