ဖားကန့် မြို့နယ်က စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေးနှင့် KIA ၊ PDF ၊ NUG ထောက်ခံပွဲ

ဖားကန့် မြို့နယ်က စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေးနှင့် KIA ၊ PDF ၊ NUG ထောက်ခံပွဲ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ကို ထောက်ခံခြင်းနှင့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေး ဖားကန့်လူထုသပိတ် တစ်နှစ်သုံးလပြည့်အဖြစ် ယနေ့ မေ လ ၇ ရက်က ကျောင်းသား၊ ဆရာ၊ မိဘပြည်သူ အင်အား ၁၀၀၀ ခန့်ဖြင့် ချီတက်ဆန္ဒပြ သပိတ်မှောက်ကြသည်။
ဆန္ဒပြပြည်သူများက “ KIA ၊ PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ” ၊ “ တိုင်းရင်းသားတပ်တွေ တိုက်ပွဲတိုင်းမှာ နိုင်ပါစေ” ၊ “NUG အစိုးရ ဒို့အစိုးရ” ၊ “အကြမ်းဖက်စစ်တပ်  လုံးဝအုပ်ချုပ်ခွင့်မရစေရ” ၊ “ဖမ်းဆီးခံထားရ သော နိုင်ငံခေါင်းဆောင်များနှင့် ရဟန်းရှင်လူပြည်သူများ ချက်ချင်းလွှတ်” ၊ “သွေးစွန်း ပညာရေး အလိုမရှိ၊ စစ်ကျွန်ပညာရေး အလိုမရှိ”  ၊  “စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေး ဒို့အရေး” ၊ “ဖက်ဒရယ် တပ်မတော်ပေါ်ပေါက်ရေး ဒို့အရေး” ၊ “ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ဒို့အရေး” ၊ “နွေဦးတော် လှန်ရေး အရေးတော်ပုံအောင်ကိုအောင်ရမည်” ၊ “ဒို့ရဲဘော်တွေ ထောက်ပံ့နိုင်ဖို့ ငွေတိုက်စာချုပ် ဝယ်ကြ စို့” ၊ “တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံးပါဝင်စို့” စသည့် ကြွေးကြော်သံများဖြင့် ချီတက် ကြသည်။

#Mizzima Tv 
#ဖားကန့်
#ချီတက်ဆန္ဒပြ
#KIA
#PDF
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly