စစ်ကောင်စီဖိတ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ဟု CNF ပြော

စစ်ကောင်စီဖိတ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ဟု CNF ပြော

မေ ၆

စစ်ကောင်စီကဖိတ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ငြိမ်းချမ်းရေးအတွက် ၎င်းကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးမည်ဟု နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် ပြောဆိုခဲ့သည်။

“ အဲ့ဒီလို ဖိတ်ကြားမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေပဲဖြစ်ဖြစ်၊ ပြီးတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်ဖြစ် စစ်ကောင်စီကို အမြစ်ပြတ်ဖြုတ်ချဖို့ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ ပန်းတိုင် ချင်းတူညီတဲ့ ကျွန်တော်တို့ ပြည်သူလူထုနဲ့အဖွဲ့အစည်းတွေအနေနဲ့ ဘာမှတွေဝေနေစရာမရှိပါဘူး။ ကျွန်တော်တို့ သွားမယ့် လမ်းကြောင်းကနေ သွေဖည်မသွားဘဲ စည်းစည်းလုံးလုံးနဲ့လက်တွဲသွားဖို့ လိုပါတယ်။ စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး။ ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ပြောချင်ပါတယ်” ဟု ဆလိုင်း ထက်နီက ဒေသတွင်းမီဒီယာ ခေါ်နူးသုမ်သို့ ပြောဆိုထားသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ကြားမှုကို NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA-PC)၊ ပအိုဝ်အမျိုးသားလွတ် မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် လာဟူးဒီ မိုကရက်တစ်အစည်းအရုံး( LDU) တို့ တက် ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကလည်း စစ်ကောင်စီ ဖိတ်ခေါ်သည့် ဆွေးနွေးပွဲကို မတက်ရောက်ကြောင်း မေလ ၅ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

#Mizzima

#ချင်းအမျိုးသားတပ်ဦး (CNF)

#ငြိမ်းချမ်းရေးဆွေးနွေးပွဲ

#မတက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required