မေ ၆
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၅၀ ဦးကျော်ကို မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း မဲဆောက်အခြေစိုက် Mae Sot Media တွင် ဖော်ပြထားသည်။
အဆိုပါ မြန်မာနိုင်ငံသားများကို တာ့ခ်ခရိုင်၊ ဝမ်ကျောင့်မြို့နယ်အတွင်း ထိုင်းလုံခြုံရေးတပ်ဖွဲ့များ ကင်းလှည့်နေစဉ် ဖမ်းမိခဲ့သည်ဟု ဖော်ပြသည်။
ဖမ်းမိ မြန်မာနိုင်ငံသား အမျိုးသား ၈၃ ဦးနှင့် အမျိုးသမီး ၇၃ ဦး၊ စုစုပေါင်း ၁၅၆ ဦး ဖြစ်ကြောင်း ဆိုသည်။
ယင်းဖမ်းဆီးခံ မြန်မာ နိုင်ငံသားများအား COVID-19 ရောဂါ စစ်ဆေးရန်နှင့် ဉပဒေအရ ဆောင်ရွက်ရန် ဝမ်ကျောင့် မြို့ ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။