ရခိုင်ပြည်နယ်၌ ကျေးရွာများအတွင်း စစ်ကောင်စီတပ် ဝင်ရောက် စစ်ဆေးမှု ဒေသခံများ စိုးရိမ်

ရခိုင်ပြည်နယ်၌ ကျေးရွာများအတွင်း စစ်ကောင်စီတပ် ဝင်ရောက် စစ်ဆေးမှု ဒေသခံများ စိုးရိမ်

မေ ၅

ရခိုင်ပြည်နယ်၌ ကျေးရွာများအတွင်း စစ်ကောင်စီတပ်များ ဧပြီလ အတွင်းမှ စတင်၍ မကြာခဏ ဝင်ရောက် စစ်ဆေးမေးမြန်းမှုများ ရှိနေသည့်အတွက် စိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။

အင်အား ၃၀ မှ ၅၀ ခန့်အထိရှိသည့် စစ်ကောင်စီတပ်ဖွဲ့များသည့် ကျေးရွာများကို မကြာခဏ စစ်ဆေးနေသည့် အတွက် လုံခြုံရေး အတွက် စိုးရိမ်ကြောင်း ပုဏ္ဍားကျွန်းမြို့နယ် ငှက်ကြီးကျွန်းရွာသား တစ်ဦးကပြောသည်။

"ကျေးရွာက အုပ်ချုပ်ရေးမှူးနဲ့ တွေ့ကြတယ်။ နောက်ပြီး သူတို့ ရွာအခြေအနေ ပတ်ကြည့်တယ် သိရတယ်။ ရွာက ယောကျာ်းတွေက လုံခြုံရေး ကြောင့် တိမ်းရှောင်တာတွေ ရှိပါတယ် '' ဟု ၎င်းကပြောသည်။

စစ်တွေ၊ မင်းပြားစသည့်မြို့နယ်များတွင် မကြာခဏ စစ်ဆေးမှုများ ပြုလုပ်ပြီး ယခု ရက်ပိုင်း ပုဏ္ဍားကျွန်းမြို့နယ်တွင် စစ်ဆေးနေမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဧပြီလ နောက်ဆုံးပတ်ကလည်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာတွင် စစ်ဆေး မေးမြန်းမှုများရှိခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

​ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်

ရက္ခိုင်တပ်တော် AA အနေဖြင့် ရခိုင်ပြည်ရှိ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများတည်ဆောက်နေပြီ ဖြစ်ကာ စစ်ကောင်စီအနေဖြင့် ထိပါး နှောက်ယှက်ပါက တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း ပြောဆိုထားသည်။

စစ်ကောင်စီတပ်များကျေးရွာများအား စစ်ဆေးမှုများ​ကြောင့် တိုက်ပွဲ ပြန်လည်း ဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း ဒေသခံများကဆိုသည်။

#Mizzima

#ရခိုင်ပြည်နယ်

#ရက္ခိုင်တပ်တော်

#မင်းပြားမြို့နယ်

#စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly