လျှပ်စစ်မီးရလိုသည့် ကျေးရွာများ အနည်းဆုံး ကုန်ကျငွေ ဆယ်ရာခိုင်နှုန်းစိုက်ရမည်

လျှပ်စစ်မီးရလိုသည့် ကျေးရွာများ အနည်းဆုံး ကုန်ကျငွေ ဆယ်ရာခိုင်နှုန်းစိုက်ရမည်

ပုသိမ်၊ဖေဖော်ဝါရီ ၁ ။        ။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ၃၄၈ရွာ မီးရရှိရန်ဆောင်ရွက်ထားပြီး မီးရရှိလိုသည့် ကျေးရွာများအနေဖြင့် အနည်းဆုံးကုန်ကျငွေ ၁၀ရာခိုင်နှုန်းစိုက်ထုတ်ရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ညွန်ကြားရေးမှူး ဦးသန်စိုးကပြောသည်။

"လာမယ် ဘဏ္ဍာနှစ်မှာ ကျေးလက်မီးလင်းရေးကို လျှပ်စစ်ဝန်ကြီးဌာန ကိုင်တွယ်သွားမှာပါ အခုနှစ်အထိတော့ ပြည်သူရယ် ကျေးလက်ရယ် လျှပ်စစ်ဌာန ပေါင်းလုပ်ပေးနေတယ်၊ကျွန်တော်တို့ ဌာန ဆိုလာစနစ်ပဲလုပ်ပေးတော့မယ်။ လျှပ်စစ်မီးပဲဖြစ်၊ဆိုလာစနစ်ပဲဖြစ်ဖြစ် လုပ်ချင်တဲ့ရွာတွေက အနည်းဆုံး၁၀ရာနှုန်းစိုက်ရမယ်၊ လျှပ်စစ်ဝန်ကြီးဌာနက ၆၀ ရာနှုန်း၊ကျေးလက်က ၃၀ရာနှုန်းနဲ့လုပ်ပေး သွားမည်ဖြစ်သည်။ "ဟုဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းစိုး က ပြောသည်။

11 ဓာတ်အားလိုင်းပတ်ဝန်းကျင် နှစ်မိုင်ပတ်လည် ကျေးရွာများကို ပထမဦးစားပေးဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ယင်းဓာတ်အားလိုင်း ၁၀မိုင်ပတ်လည် အပြင်ပိုင်းရှိ ကျေးရွာများကို ဆိုလာစနစ်ဖြင့် ဦးစားပေးတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းအစီအစဉ်ကို ကမ္ဘာဘဏ်၏ ကျေးလက်ဒေသလျှပ်စစ်မီးလင်းရေး အတွက် အတိုးမဲ့ချေးငွေ ကျပ်သန်း၄၀၀ဖြင့် ပြုလုပ်ပေးခြင်းဖြစ်ပြီး လျှပ်စစ်ဝန်ကြီးဌာနမှ ကျပ်သန်း ၃၁၀နှင့် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာန  ကျပ်သန်း ၉၀ ရရှိထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly