လေးမျက်နှာမြို့ဟောင်းမှ ရှေးအကျဆုံး ထူပါရုံစေတီ တည်ရှိသည့် ငဝန်မြစ်ကမ်းပါး ပြိုကျနေ

လေးမျက်နှာမြို့ဟောင်းမှ ရှေးအကျဆုံး ထူပါရုံစေတီ တည်ရှိသည့် ငဝန်မြစ်ကမ်းပါး ပြိုကျနေ

ပုသိမ်၊ ဇန်နဝါရီ ၃၁ ။         ။ လေးမျက်နှာမြို့ဟောင်းမှ ရှေးအကျဆုံး ထူပါရုံစေတီတော် တည်ရှိရာ ငဝန်မြစ်ကမ်းပါးပြိုကျမှုများဖြစ်ပေါ်နေကြောင်း  ငဝန်မြစ်ကမ်းနဖူးကပ်နေသည့်   ဒေသခံများက ပြောသည်။

"အရင်က ဘုရားနတ်လမ်းမှာဆိုင်ခန်းပေါင်း ၇၂၃ခန်းရှိတယ်။ ရှေ့မှာ အိမ်တွေရှိသေးတယ်။ အခု ရေတိုက်စားရင် ဘုရားအထိကပ်လားပြီး၊ ဘုရားသမိုင်းအရ အနော်ရထားမင်းတည်ထားခဲ့တဲ့ ဘုရားဖြစ်တယ်။ လေးမျက်နှာမြို့က ဘုရားကိုအစွဲပြုခေါ်ခဲ့တာပါ"ဟု ဘုရားဂေါပကအဖွဲ့ဝင် ဦးဝင်းနိုင်က ရှင်းပြသည်။

ငဝန်မြစ်ကမ်းပါးမှာ ၁၉၉၃ခုနှစ်ခန့်က တဖြည်းဖြည်း စတင်ပြိုကျခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

"သက်ဆိုင်ရာတင်ပြသော်လည်း သတ်မှတ်ဘက်ဂျက်ထဲက သုံးရတော့ ကမ်းဆယ်ဖို့လုံလောက်မှုလည်းမရှိဘူး။ အလှူရှင်တွေ လူမှုရေးအသင်းအဖွဲ့တွေ ဝိုင်းလုပ်ပေးရင်ကောင်းတာပေါ့။ ဘုရား ရှေဟောင်းထိန်းသိမ်းဌာန ဘယ်အချက်အလက်တွေလိုမှန်းမသိတော့ အခက်အခဲတော့ရှိတယ်"ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီးဦးကျော်ဝင်းနိုင်က ပြောသည်။

ထူပါရုံစေတီတော်ကို ရှေးဟောင်းသမိုင်းဝင် စေတီတော်အဖြစ် အသိအမှတ်ပြုခံရရန် ဂေါပကအဖွဲ့က တင်ပြကာ တောင်းဆိုထားသော်လည်း ယခုထိ ရှေးဟောင်းသုတေသန ဌာန၏ အသိအမှတ်ပြုထားမခံရသေးပေ။

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့တွင် ကမ်းပြိုကျမှုများကြောင့် မြို့အား နေရာပြောင်းရွှေ့ပေးခဲ့ရပြီး၊၂၀၁၅ခုနှစ်တွင် နိုဝင်ဘာလအတွင်း ကမ်းပြိုကျမှုများဖြစ်ပေါ်ခဲ့သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly